DVB Logo
Home
မြန်မာသတင်း
One Day Challenge အဖွဲ့ဝင်များအတွက် အခွန်ခံစားခွင့် ဂုဏ်ပြုလက်မှတ် NUG ချီးမြှင့်
DVB
·
March 15, 2022
One Day Challenge အဖွဲ့ဝင်များအတွက် အခွန်ခံစားခွင့် ဂုဏ်ပြုလက်မှတ် NUG ချီးမြှင့်
Donate to DVB

နွေဦးတော်လှန်ရေးအတွက် ထည့်ဝင်လှူဒါန်းနေကြတဲ့ One Day Challenge  အဖွဲ့ဝင်တွေအတွက်  အခွန်ခံစားခွင့် ဂုဏ်ပြုလက်မှတ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနလက်အောက်ရှိ အခွန်များ ဦးစီးဌာနက ဒီကနေ့  မတ်လ ၁၄ ရက်မှာ စတင် ချီးမြှင့်ခဲ့ပါတယ်။

One Day Challenge ကမ်ပိန်းကို တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ ( ကိုရီးယား )က  ၂၀၂၁ ခုနှစ် အောက်တိုဘာ လမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ပြီး One Day Challenge မန်ဘာဝင်တွေရဲ့ လစဉ်ထည့်ငွေတွေကို  ကောင်းစွာ လက်ခံရရှိနေပြီး တော်လှန်ရေးအတွက် အထူးအကျိုးရှိစွာ အသုံးပြုနိုင်နေပြီလို့ စစ်အာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ( ကိုရီးယား ) က ထုတ်ပြန်ထားပါတယ်။

အဖွဲ့ဝင်တွေရဲ့ လစဉ်ထည့်ဝင်နေတဲ့ ရန်ပုံငွေတွေဟာ NUG အစိုးရထံကို နိုင်ငံသားတဦးက ထောက်ပံ့ပေးနေတဲ့ သဘောသက်ရောက်နေလို့ နိုင်ငံသားတဦးရဲ့ ထည့်ဝင်ငွေပေါ်မှာ အခွန်ခံစားခွင့် ပြန်လည်ရရှိစေဖို့ NUG အစိုးရဘက်က One Day Challenge အဖွဲ့ဝင်တွေကို မိမိတို့ ထည့်ဝင်ထားသော ရန်ပုံငွေပမာဏအတိုင်း အခွန်ခံစားခွင့် ဂုဏ်ပြုလက်မှတ်တွေ ပြန်လည် ချီးမြှင့်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ 

အခွန်ခံစားခွင့်ဂုဏ်ပြုလက်မှတ်တွေကို လစဉ် One Day Challenge ဂုဏ်ပြုလွှာတွေ  အွန်လိုင်း ဝက်ဘ်ဆိုက်ကနေ ဒေါင်းလုပ်  download ရယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီလို့ လည်းအသိပေးကြေညာထားပါတယ်။ 

လက်ရှိ အချိန်မှာ One Day Challenge အဖွဲ့ဝင်ပေါင်း ၁၇၀၅ ဦးရှိပြီး လစဉ် NUG အစိုးရကို ကိုရီးယားဝမ်ငွေ ၁၅၉,၄၈၀,၀၀၀ လှူဒါန်းနိုင်ပြီဖြစ်လို့ စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ချေမှုန်းဖို့ အရေး တစ်လမှာ တစ်ရက်တာ ဝင်ငွေနဲ့ လစဉ် ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ One Day Challenge ကော်မတီဝင်တွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013