DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင်တွင် စစ်ကောင်စီတပ်ကို ငွေပေးပြီး မြစ်ကျောက်စုပ်ယူ
DVB
·
March 15, 2022
ဟင်္သာတခရိုင်တွင် စစ်ကောင်စီတပ်ကို ငွေပေးပြီး မြစ်ကျောက်စုပ်ယူ
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ထဲက မြို့နယ်တွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုင်းကြေးပေးပြီး မြစ်ကျောက်စုပ်ယူတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဟင်္သာတခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ဇလွန်၊ မြန်အောင်၊ ဟင်္သာတ၊ ကြံခင်း စတဲ့မြို့နယ်တွေမှာ တမြို့နယ်ကို အစီး ၈၀ ကျော်လောက်နဲ့ ဧရာဝတီမြစ်ထဲ ကျောက်စုပ်တာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကမ်းပြိုလို့ ပိတ်ထားတဲ့နေရာတွေမှာပါ စုပ်နေတာခုက။ အနည်းဆုံး မော်တော် ၈၀ လောက် ကမ်းဘေးကပ်ပြီး စုပ်နေတာ။ ဇလွန်မြို့ကို တားထားတဲ့တာက ကုန်ပြီး မရှိတော့ဘူး။ အဲဒါကို ကမ်းဘေးကနေ မတရားကပ်ပြီး ကျောက်စုပ်နေတာ၊ နေ့ခင်းဘက် ပေါ်တင်လုပ်နေတာ တားမယ့်သူမရှိဘူး” လို့ ဇလွန်မြို့ခံတဦးက ပြောပါတယ်။

မြစ်ကျောက်စုပ်ယူတဲ့ လုပ်ငန်းတွေကို အရပ်သားအစိုးရလက်ထက်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက စတင်ပိတ်ထားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီအရာရှိပိုင်းတွေကို ငွေပေးပြီး ခုလို ပြန်လုပ်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းပါးပြိုကျတာတွေကြောင့် တားမြစ်ထားတဲ့နေရာတွေကို စစ်ကောင်စီလက်ထက်မှာ ပြန်လည်တူးယူခွင့်ပေးထားတာကြောင့် မိုးရာသီမှာ ကမ်းပါးပြိုပြီး တားကျိုးမှာကို စိတ်ပူနေကြရတယ်လို့ ဆိုပါတယ်။

ဟင်္သာတခရိုင်ထဲက ဇလွန်မြို့နယ်မှာ ၂၀၂၁ ခုနှစ်အတွင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ဖရဲကုန်းရပ်ကွက်က နေအိမ် ၃၀၀ ကျော်ဖျက်သိမ်းပြီး ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013