DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်၌ စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲခံရ
DVB
·
March 15, 2022
ကော့ကရိတ်မြို့နယ်၌ စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ မတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီလောက်က စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်တွေက လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် ဆက်သွယ်ရေးဖြတ်တောက်တဲ့အနေနဲ့ တော်လှန်းရေးအင်အားစုတွေက မိုင်ခွဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

တောင်ကြာအင်းကျေးရွာသားတစ်ဦး” ဆက်သွယ်ရေး ဖြတ်တောက်တဲ့အနေနဲ့ ဖျက်ဆီးလိုက်တာလို့ကြားတယ်။ ကိုးတိုင်လမ်းဆုံကနေပြီး ဘုရားသုံးဆူအထိက ဒီလမ်းက အဓိကကျတဲ့ဆက်သွယ်ရေး လမ်းတစ်ခုလေ။ စစ်တပ်အတွက် အရေးကြီးတဲ့ ဆက်သွယ်ရေးတာဝါတိုင် ဖြစ်နေတယ်။  ဒီနေ့ တစ်ရက်တည်း ဒီလမ်းမကြီးတလျှောက်မှာ ဖြစ်စဉ် ၃ ခု ဖြစ်သွားခဲ့တယ်”လို့ ပြောပါတယ်။

မနေ့မနက် ၈ နာရီကျော်လောက်က ကော့ကရိတ်မြို့နယ်(ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်း) ဝိဇ္ဇာကုန်းကျေးရွာအဝင် ရွာထိပ်ဇရပ်မှာ စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ BGF တပ်ဖွဲ့တွေက ခရီးသွားယာဥ်တွေကို မတရားဂိတ်‌ကြေးကောက်ခံနေအတွက် အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူ ၂ ဦးက BGF တပ်ဖွဲ့ဝင် ၂ ဦးကို ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်။

BGF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေကလာရောက် ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ မနေ့ မနက် ၉ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၁၇ တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013