DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်တွင် ဂိတ်‌ကြေးကောက်ခံသည့် BGF ၂ ဦး ပစ်သတ်ခံရ
DVB
·
March 14, 2022
ကော့ကရိတ်မြို့နယ်တွင် ဂိတ်‌ကြေးကောက်ခံသည့် BGF ၂ ဦး ပစ်သတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်း) ဝိဇ္ဇာကုန်းကျေးရွာအဝင် ရွာထိပ်ဇရပ်မှာ မတ် ၁၄ ရက် မနက် ၈ နာရီကျော်လောက်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၂ ဦးကို ဆိုင်ကယ်စီးလာတဲ့လူ ၂ ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ BGF တပ်ဖွဲ့တွေဟာ ကျေးရွာအဝင်ရွာထိပ်ဇရပ်မှာ ခရီးသွားယာဥ်တွေကို မတရားဂိတ်‌ကြေးကောက်ခံနေတာဖြစ်ပြီး အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူ  ၂ ဦးက ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာတင်ပွဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝိဇ္ဇာကုန်းကျေးရွာသားတဦးက “သူတို့တွေက စစ်တပ်အားကိုးနဲ့ ကားတွေ၊ ဆိုင်ကယ်တွေဆီက ဂိတ်ကြေးဆိုပြီး ပိုက်ဆံတောင်းတယ်။ အဆင်မပြေလို့မပေးရင် ဆဲဆိုးကြိမ်းမောင်းပြီး အတင်းအဓမ္မတောင်းတယ်။ ဒီလမ်းကြောမှာ BGF ဂိတ်တွေအများကြီးဖွင့်ထားတယ်။ ခရီးသွားတွေအတွက် နေ့စဉ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အခုတော့ သူတို့လမ်း သူတို့ ရွေးသွားတာ”လို့ ပြောပါတယ်။

အဆိုပါ လမ်းမကြီးဟာ နယ်စပ်ဘုရားသုံးဆူမြို့အထိ သွားရောက်နိုင်သလို ဒေသထွက်ကုန်တွေကို ပို့ဆောင်ရာမှာ အဓိကအသုံးပြုနေတဲ့လမ်းဖြစ်ပြီး ခရီးသွားတွေနဲ့ကုန်တင်ယာဉ်တွေဆီကနေ ငွေကြေးတောင်းခံတဲ့အပြင်  လမ်းမကြီးတလျှောက်က ကျေးရွာတွေမှာ တရားမဝင် လောင်ကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေကို ငွေကြေးရယူပြီး လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့ ဒူးရင်းသီးအရောင်းအဝယ်ပြုလုပ်သူတဦးက “BGFက အခုမှမဟုတ်ဘူး။ လမ်းကြီးမဖွင့်ခင် ချောင်းကိုဝါးဖောင်နဲ့ ဖြတ်သန်းပြီး သွားလာနေရတဲ့အချိန်တည်းက ဒူးရင်းသီးသွားဝယ်တဲ့သူတွေကို အခွန်ပုံစံငွေကောက်တယ်။ ငွေပေးမှ ဖြတ်သန်းသွားလာလို့ရတယ်။ BGF တွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးလို့ ဖြစ်နေတာကြာပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ  အဆိုပါ လမ်းမတလျှောက် နယ်မြေစိုးမိုးမှုရယူထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အပြင် ဒေသခံတွေအပေါ်  လူအခွင့်အရေးချိုးဖောက်တာတွေ မကြာခဏပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013