DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုများအား NUG ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သို့ တိုင်ကြားနိုင်
DVB
·
March 14, 2022
စစ်ရာဇဝတ်မှုများအား NUG ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သို့ တိုင်ကြားနိုင်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ဖွဲ့စည်းထားပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဘက်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို စစ်ဆေးစီရင်နေစဥ် အချိန်အတွင်း လိုအပ်ပါက NUG ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်နဲ့ ညွှန်ကြားချက်တွေထုတ်ပြန်ကာ စစ်ဘက်တာဝန်တွေက ယာယီ ရပ်ဆိုင်းထားမှာဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်သည်တော်ကျင့်ဝတ်၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ သစ္စာအဓိဌာန် ၄ ချက်ကို လိုက်နာကြဖို့နဲ့ ပြည်သူလူထုကို ထိခိုက်စေတဲ့ ဘယ် လို လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးရဲဘော်ရဲဘက် အချင်းချင်း စည်းလုံးညီညွတ်ကြဖို့နဲ့ အပြန်အလှန် ထိန်းကျောင်းသွားကြဖို့လည်း အထူးလိုအပ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ရန်သူ့သတင်းပေး၊ စစ်သုံ့ပန်းတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရာမှာ သက်သေအထောက်အထား စာရွက်စာတမ်းတွေ ထားရှိရမှာဖြစ်ကာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိစေဖို့ အထူးဂရုပြု ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ဟာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့ ပြစ်မှုကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိ‌ရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အများပြည်သူအနေနဲ့ အဆိုပါ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်း ဆောင်ရွက်ပေးကြဖို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေကို သတင်းပေး တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

သတင်းပေးတိုင်ကြားရန် လိပ်စာများ

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်

ကာကွယ်ရေးဝန်ကြီးဌာန

Email : [email protected]

Signal : +66 626940294

Viber : +66 626940294

Telegram : +66 626940294

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013