DVB Logo
Home
မြန်မာသတင်း
ဖာပွန်တိုက်ပွဲ ကျဆုံးဖမ်းဆီးခံရသူများသဖြင့် သတင်းမပေါက်ကြားရန် စစ်တပ်အတွင်း ဖိအားပေး တားမြစ်
DVB
·
March 14, 2022
ဖာပွန်တိုက်ပွဲ ကျဆုံးဖမ်းဆီးခံရသူများသဖြင့် သတင်းမပေါက်ကြားရန် စစ်တပ်အတွင်း ဖိအားပေး တားမြစ်
Donate to DVB

ကရင်ပြည်နယ် ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ရင်းက အရာရှိစစ်သည်တွေ သေဆုံး၊ ဒဏ်ရာရရှိပြီး အရှင်ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ တာဝန်ရှိသူတွေက လာရောက် နှစ်သိမ့်ပေးနေရတယ်လို့ သိရပါတယ်။

မတ် ၁၁ ရက်က KNLA တပ်ဖွဲ့ဝင်တွေက ဖာပွန် (မူတြော်) ခရိုင်၊ ဒွယ်လိုးမြို့နယ် မဲဝိုင်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ဟာ မယ်ပေါ်ထောကျေးရွာတပ်စခန်းကနေ ရိက္ခာသွားထုတ်ပြီးအပြန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြညသူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက  မယ်တရူလိုကျေးရွာအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေဆုံးပြီး၊ တပ်ရင်းမှူးအပါအဝင် ၁၁ ဦးဒဏ်ရာရရှိခဲ့သလို ၂၇ ဦး အရှင်ဖမ်ဆီးခံခဲ့ရတဲ့အတွက် စစ်သည်တွေရဲ့ မိသားစုတွေကို စကစ ၁၂ မှူးကိုယ်တိုင်လာရောက် နှစ်သိမ့်မှုတွေ ဆောင်ရွက်ပေးနေရတယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်း နဲ့ နီးစပ်သူတွေကဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုနဲ့ နီးစပ်သူတဦးက “ကျမက ကုန်စုံဆိုင်ရောင်းတော့ တပ်ထဲကလူတွေဆီက ကြားတာ။ အဲဒါနဲ့ရင်းနှီးတဲ့ သူတစ်ယောက်ကိုမေးကြည့်တော့ စကစမှူး တပ်ထဲကို ရောက်နေတယ်လို့ပြောတယ်။ တပ်ထဲမှာလည်း အခုလိုမဖြစ်ဘူးတော့ အပြင်ကိုပေါက်ကြားမှာဆိုလို့ အရာရှိကြီးတွေရဲ့ ဇနီးသည်တွေပါ လာပြီးနှစ်သိမ့်ပေးနေရတယ်လို့ ပြောတယ်။ အခု တပ်အပြင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့ခံတဦးက “မနေ့က တပ်မဟာ ၅ ဘက်မှာ ခလရ ၉၇ တပ်က အရာရှိစစ်သည်တွေ တိုက်ပွဲကျပြီး အဖမ်းခံရတဲ့သတင်းက မြို့ပေါ်မှာပျံ့နှံ့နေတယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က မြို့ခံတွေကို လိုက်လံဖမ်းဆီးတာတွေ အခုရက်ပိုင်း တပ်ထဲကနေ ဒေသခံရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတာတွေက နေ့စဉ်လိုလိုပဲ။ ပြည်သူတွေပို့တဲ့ မေတ္တာစူးတာလို့ ပြောချင်တယ်” လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲကို KNLA တပ်မဟာ ၅ ဗျူဟာမှူး ကိုယ်တိုင်ဦးဆောင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲအတွင်း RPG 7 ၂ လက်၊ စက်လတ် ၁ လက်၊ K3 မော်တာ ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်အပါအဝင် ခဲယမ်းတွေနဲ့ ဆက်စပ်စစ်ပစ္စည်းအပြင် လက်ကိုင်ဖုန်းတွေနဲ့ ငွေကျပ်သိန်း ၃၀ ကျော်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံ နဲ့ ရုပ်သံဖိုင်တွေကို ကေအန်ယူက ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖိအားပေးတားမြစ်တာ၊ တပ်ပြင်ထွက်ခွာခွင့် ပိတ်ပင်ထားသလို့ မိသားစုဆွေမျိုးတွေနဲ့ ဆက်သွယ်ခွင့်ပါ တားမြစ်ထားတယ်လို့ သတင်းတွေထွက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013