DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မီတာခ ၁ ယူနစ်ကို ၁၂၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်
DVB
·
March 13, 2022
ရေးမြို့နယ်တွင် မီတာခ ၁ ယူနစ်ကို ၁၂၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်
Donate to DVB

စက်သုံးလောင်စာဆီဈေးတွေ ဆက်လက်မြင့်တက်လာတာနဲ့အမျှ မွန်ပြည်နယ် ရေးမြို့နယ်မှာ မီတာခ ၁ ယူနစ်ကို ၁၂၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်သွားတာကြောင့် အိမ်သုံးသမားတွေမှာ မီးမသုံးစွဲနိုင်တဲ့အခြေနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မီတာခ ၁ ယူနစ်ကျပ်  ၉၀၀ ကနေ အခု မတ်လက သုံးစွဲထားတဲ့ မီတာခမှာ ၁ယူနစ်ကျပ် ၁၂၀၀ သတ်မှတ်လိုက်တော့ ပုံမှန်အိမ်သုံးသမားတွေက အရင်က ၁ လကို ကျပ် သောင်းဂဏန်းနဲ့ ကုန်မယ့်အစား အခုက သိန်းဂဏန်းအထိ ကုန်ကျမဲ့ အနေအထားဆိုတော့ မီးဖိုဆောင်မှာချက်ပြုတ်ရင်  မီးသွေးနဲ့ ပြန်သုံးမယ် အိမ်ဆိုလာမီးတွေ ပြန်သုံးမှရမယ်” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

အခု ဆီစျေးတွေက ၄ ဆ လောက် တက်တော့ မီတာခ ထပ်မံတိုးမြှင့်ကောက်ခံရတာဖြစ်ပြီး ဆီဈေးတွေ ပြန်လည်ကျဆင်းလာပါက မီတာခ ပြန်လျော့ချပေးသွားမှာဖြစ်ကာ မီးကိုလည်း အချိန်ပိုင်းနဲ့သာ ဖြန်ဖြူးပေးသွားမယ်လို့ မီးလင်းရေး ကော်မတီက ပြောပါတယ်။

ရေးမြို့နယ်မှာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဒီနေ့အထိ သုံးစွဲနိုင်ခြင်းမရှိသေးဘဲ ပုဂ္ဂလိက မီးလင်းရေးကော်မတီက လျှပ်စစ်မီးကိုသာ အမှီပြု သုံးစွဲနေရတာပါ။

ရေးမြို့နယ်ရှိ နယ်ကျေးရွာတွေဘက်မှာတော့ ကိုယ့်အားကိုယ်ကိုး မီးစက်နဲ့ မီးဖြန့်ဖြူးပေးရာမှာ  ၁ ယူနစ်ကို ကျပ် ၁၄၀၀ အထိ ပေးပြီး သုံးစွဲရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က မီတာခ ၁ ယူနစ် ကျပ် ၉၀၀ ကောက်ခံလို့ဆိုပြီး  ရေး PDF တွေက ရေးမီးလင်းရေးကော်မတီရုံးကို မိုင်းခွဲသတိပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်း ၁ နှစ်ကျော် ကာလအတွင်း စက်သုံးလောင်စာဆီစျေးတွေ၊ အခြေခံ စားသောက်ကုန်ဈေးတွေ စံချိန်တင် အဆမတန်မြင့်တက်လာနေတာကြောင့် အခြေခံလူတန်းစား သာမန်လက်လုပ်လက်စားတွေ စားဝတ်နေရေး တနေ့တခြားပိုခက်ခဲလာသလို တပိုင်တနိုင် လုပ်ငန်းတွေကအစ ရပ်နားထားရပြီး အလုပ်လက်မဲ့တွေ တနေ့တခြားများပြားလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013