DVB Logo
Home
မြန်မာသတင်း
ရေဖြူပြောက်ကျားတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က အင်းအားအလုံးအရင်းဖြင့် တိုက်ခိုက်
DVB
·
March 11, 2022
ရေဖြူပြောက်ကျားတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က အင်းအားအလုံးအရင်းဖြင့် တိုက်ခိုက်
1 / 3
Donate to DVB

တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာ အခြေစိုက်ပြီး စစ်ဆင်ရေး လုပ်ဆောင်နေတဲ့ ရေဖြူပြောက်ကျားတပ်ဖွဲရဲ့ စခန်းတခုကို မတ်လ ၁၀ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေဖြူပြောက်ကျားတပ်ဖွဲ့ ကသတင်းထုတ်ပါတယ်။  

ဒဏ်ရာရ တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖမ်းဆီးခံရထားရပြီး အခုလို တိုက်ခိုက်ခံရတဲ့အတွက် ရေဖြူပြောက်ကျားတပ်ဖွဲ့ YPGF အနေနဲ့ လက်နက်နဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။  

ရေဖြူပြောက်ကျားတပ်ဖွဲ့က မတ်လ ၆ ရက်မှာ တနင်္သာရီတိုင်းနဲ့  မွန်ပြည်နယ်အစပ်မှာရှိတဲ့ မလွှဲတောင်ဂိတ် (ရေဖြူ) ရဲကင်းကို ရှော့တိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃ ယောက် ဒဏ်ရာရပြီးတဲ့နောက် စစ်တပ်က သာလွန်အင်အားနဲ့ အခုလိုထိုးစစ်ဆင်လာတာဖြစ်ပါတယ်။  

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ရေဖြူပြောက်ကျားတပ်ဖွဲ့က မွန်ပြည်နယ် ရေးမြိုနယ် ကိုးမိုင်ရွာနဲ့ မာန်အောင်ရွာအနီးမှာရှိတဲ့ အမှတ် ၂၉၉ ခြေလျင်တပ်ရင်းနဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့ပါသေးတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013