DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၅ ဦးသေ၊ ဝက်လက်တွင် စစ်သား ၃ ဦးသေ
DVB
·
March 11, 2022
ဆောမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၅ ဦးသေ၊  ဝက်လက်တွင် စစ်သား ၃ ဦးသေ
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်မှာ မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေက  PDF-ဆောနဲ့ စစ်ကောင်စီတပ်တို့ ၂ ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ  စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဆော ကနေ သိရပါတယ်။

ဆောမြို့ကနေ ကျောက်ထုမြို့ဘက်ကို မတ်လ ၇ ရက်နေ့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ PDF-ဆောက တိုက်ခိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီဘက်က အင်အား ၁၅၀ လောက်နဲ့ ထိုးစစ်ဆင်လာပြီး လမ်းမှာညအိပ်ကြတာဗျ။ ကျနော်တို့ဘက်က ထောင်ထားတဲ့ မိုင်းတွေကို စစ်ကောင်စီတပ်တွေ နင်းမိပြီး မိုင်းစကွဲကာ ဆောမြို့နဲ့ လယ်ကြီးအိုင့်ရွာကြားမှာ မတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းလောက်က စပြီး ထိတွေ့တိုက်ပွဲဖြစ်ကာ ကံချောင်းမရောက်ခင်ထိ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေတယ်။”

ကံချောင်းနဲ့ ကျောက်ထုကြားမှာလည်း မတ်လ ၉ ရက်နေ့မှာ တိုက်ပွဲအပြင်းထန်ဖြစ်ပြီး စစ်ကောင်စီ ဘက်က ၆ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ကျော်လောက် ဒဏ်ရာရရှိ သွားတယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်ခဲ့ပေမဲ့ PDF-ဆောဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ဆိုပါတယ်။

PDF-ဆော တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက"PDF များတိုက်ပွဲတိုင်း အောင်မြင်ပါစေလို့"ကြွေးကြော်ကာ အောင်သပြေပန်းတွေနဲ့ ကြိုဆိုကြပြီး ထမင်း/ဟင်းနဲ့ စားသောက်ဖွယ်ရာတွေကျွေးမွေးခဲ့ကြပါတယ်။

မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်မှာ မတ်လ ၉ ရက်မနက်ကလည်း ကန်ပက်လက် CDFနဲ့ The Youth Force(ဆော/ ကျောက်ထု)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၅ ယောက်လောက်သေဆုံးပြီး ၉ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာလည်း  ဝက်လက်PDFနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားတယ်လို့ ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၉ ရက် ညနေ ၃ နာရီလောက်စလို့ တိုက်ပွဲ ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကာ ၂ ဦး နှစ်ဦးဒဏ်ရာရခဲ့တာပါ။ 

ဝက်လက် PDF တပ်ရင်း ၂ နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အကျအဆုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့ထုတ်ပြန်ခဲ့ပါတယ်

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013