DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံမော်လမြိုင် NLD အမတ် အကျဉ်းထောင်ထဲ ကျန်းမာရေးမကောင်း
DVB
·
March 11, 2022
ဖမ်းဆီးခံမော်လမြိုင် NLD အမတ် အကျဉ်းထောင်ထဲ ကျန်းမာရေးမကောင်း
Donate to DVB

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်ဟာ အကျဉ်းထောင်ထဲမှာ နှလုံးရောဂါ ခံစားနေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ချုပ်နှောင်ထားတာပါ။

စစ်ကောင်စီက ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) နဲ့ အမှုဖွင့်ထားတာပါ။

ဒေါ်နွယ်နွယ်အောင် နှလုံးရောဂါ ခံစားနေရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေအဖွဲ့က အာမခံလျှောက်ထားခဲ့ပြီး စစ်ကောင်စီ တရားသူကြီးက လာမယ့်ရုံးချိန်းမှာ အာမခံ ပေး မပေး အမိန့်ချမှတ်ဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

NLD ပါတီအမတ် ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌလည်း ဖြစ်သလို ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013