DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်ချမှတ်ခံထားရသည့်ရခိုင်ကျောင်းသား ၄ ဦး လွတ်မြောက်
DVB
·
March 11, 2022
ထောင်ဒဏ်ချမှတ်ခံထားရသည့်ရခိုင်ကျောင်းသား ၄ ဦး လွတ်မြောက်
Donate to DVB

ရခိုင်ပြည်နယ်အတွင်းမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီးတရားစွဲ ထောင်ချခံခဲ့ရတဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား ၃ ဦးနဲ့ ပညာရေးကောလိပ်က ကျောင်းသား ၁ ဦး မတ်လ ၁၁ ရက်နေ့မနက်ပိုင်း စစ်တွေအကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ ကျောင်းသားတဦးက အတည်ပြုပါတယ်။

လွတ်မြောက်လာတဲ့ ကျောင်းသား ၄ ဦးဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်က ကိုမြတ်စိုးဝင်းနဲ့ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ ဖြစ်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က NLD အစိုးရနဲ့ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အမိန့်ချမှတ်တာနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိတဲ့အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်ကို အယူခံဝင်ခဲ့ကြပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်က ပြစ်ဒဏ်ကို ၂ နှစ် ၆ လကနေ ၁ နှစ် ၆ လအဖြစ် ပြန်လည်ပြင်ဆင်ပေးခဲ့တာပါ။

၁ နှစ်နီးပါး တရားရင်ဆိုင်ခဲ့ကြရပြီး ချုပ်ရက်ကိုပါ အကျိုးခံစားခွင့်ရှိတာကြောင့် လွတ်ရက်စေ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013