DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ မိုင်းခွဲသတိပေးခံရ
DVB
·
March 11, 2022
ရေးမြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ မိုင်းခွဲသတိပေးခံရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ လမ်းထောင့်မှာ မတ် ၁၀ ရက်နေ့ ညနေ ၆ နာရီလောက် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (MSRO) တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီရဲ့ ထောက်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်သူလူထုကို နည်းလမ်းမျိုးစုံနဲ့ အနိုင်ကျင့် ဒုက္ခပေးနေတာကြောင့် အခုလို မိုင်းခွဲသတိပေးရတာလို့ ဆိုပါတယ်။
မိုင်းဖောက်ခွဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ဒီနေ့မနက်မှာတော့ PDF နဲ့ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယရှိသူတဦးရဲ့ မိသားစုဝင် ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု ဌာနဆိုင်ရာ နေရာတွေမှာ ဗုံးခွဲတာတွေရဲ့ အသံကြားရတော့ စိုးရိမ်ထိတ်လန့်မိပါတယ်။ ‌လူတွေ ကုန်ဈေးနှုန်းကြီးလို့ စားဝတ်နေရေး အလုပ်တွေလည်း အဆင်မပြေကြတော့ အခုလို သေနတ်ပစ်တာတွေ၊ ဗုံးခွဲတာတွေ ထပ်မံကြားနေရတော့ စိတ်မှာ လုံခြုံမှုမရှိသလို ခံစားရတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
MSRO အဖွဲ့ဟာ စစ်ကောင်စီရဲ့ ရုံးဌာနတွေကို ထပ်မံဖောက်ခွဲမှုတွေ ပြုလုပ်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
မတ် ၉ ရက်နေ့ ညနေ ၄ နာရီလောက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့ စည်ပင်သာယာရေးရုံးကို MSRO အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့ပါတယ်‌။
စည်ပင်ရုံးက Non CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီကို အမှီပြုပြီး ပြည်သူတွေဆီကနေ မတရား ငွေကောက်ခံတာ၊ လာဘ်စားတာ၊ ဈေးသူဈေးသားတွေအပေါ်မှာ အခွန်မတရား ကောက်ခံနေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013