DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ ၁၀ တန်းစာမေးပွဲဖြေမည့် ကျောင်းသားဦးရေ ယခင်နှစ်ထက် ထက်ဝက်ကျော် လျော့နည်း
DVB
·
March 11, 2022
ကချင်ပြည်နယ်၌ ၁၀ တန်းစာမေးပွဲဖြေမည့် ကျောင်းသားဦးရေ ယခင်နှစ်ထက် ထက်ဝက်ကျော် လျော့နည်း
Donate to DVB

ကချင်ပြည်နယ်တစ်ခုလုံးမှာ အခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူပေါင်း ၁၂၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်တွေကထက် ကျောင်းသားဦးရေ ထက်ဝက်ကျော် လျော့နည်းသွားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ကချင်ပြည်နယ်အတွင်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ၁၂,၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခု ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူ  ၃၆,၀၀၀ နီးပါးရှိခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ပညာရေးဝန်ထမ်းတဦးက “ဒီနှစ်ကတော့ စာမေးပွဲဖြေဆိုမယ့်သူတွေ ယခင်နှစ်တွေထက် ထက်ဝက်ကျော်လောက် လျော့သွားတယ်။ တပြည်နယ်လုံးမှာမှ တက္ကသိုလ်ဝင်တန်း ဖြေမယ့်သူ တစ်သောင်းကျော်ပဲရှိတယ်"လို့ ပြောပါတယ်။

၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စာမေးပွဲ ဖြေဆိုခွင့် ကတ်တွေကို တချို့ကျောင်းတွေမှာ စတင်ထုတ်ပေးနေပါတယ်။

“မြစ်ကြီးနားခရိုင်က စာမေးပွဲဖြေဆိုမယ့်သူ အများဆုံးပဲ၊ ပူတာအိုခရိုင်က အနည်းဆုံးပဲ။ အခု စာမေးပွဲ ဖြေဆိုခွင့်ကတ်တွေ တချို့ကျောင်းတွေမှာ ထုတ်ပးနေပြီ” လို့ ပညာရေးဝန်ထမ်းက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ နိုင်ငံတဝန်းကျင်းပဖို့ ရှိနေပြီး စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်တဲ့ ကျောင်းသူ ကျောင်းသားတွေကတော့ ဝင်ရောက် ဖြေဆိုခြင်းမ ရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ဒီစာမေးပွဲကို အသိအမှတ် မပြုဘူးလို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013