DVB Logo
Home
မြန်မာသတင်း
NUG ထံမှ ထောက်ပံ့မှုရရှိ၊ ဘဏ္ဍာငွေရှာဖွေရေး ပူးပေါင်းပေးကြရန် နွားထိုးကြီး PDF တိုက်တွန်း
DVB
·
March 11, 2022
NUG ထံမှ ထောက်ပံ့မှုရရှိ၊ ဘဏ္ဍာငွေရှာဖွေရေး ပူးပေါင်းပေးကြရန် နွားထိုးကြီး PDF တိုက်တွန်း
Donate to DVB

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံကွပ်ကဲ မှုတွေနဲ့ ထောက်ပံ့မှုတွေ ရရှိနေပြီး NUG ရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပေးကြဖို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောလိုက်ပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ PDF အဖွဲ့တွေ မရှိလို့မဖြစ်သလို PDF အဖွဲ့တွေ အနေနဲ့လည်း NUG အစိုးရ မရှိလို့မဖြစ်ကြောင်းနဲ့ တော်လှန်ရေးကြီး အမြန်ပြီးစီးဖို့ စည်းစည်းလုံးလုံး ရှိနေဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ များပြားလွန်းတဲ့အခါမှာ လိုအပ်ချက်တွေ ရှိနေဆဲမို့ NUG အစိုးရရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပေးကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်း ဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေမှာ ၁ ကြိမ်စီ၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ၂ ကြိမ်စီ၊ စစ်ကိုင်း တိုင်းမှာ ၁၃ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ် ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013