DVB Logo
Home
မြန်မာသတင်း
Burma Academy တွင် လာမည့် သီတင်းပတ်မှစတင်ပြီး အခမဲ့သင်ကြားနိုင်
DVB
·
March 10, 2022
Burma Academy တွင် လာမည့် သီတင်းပတ်မှစတင်ပြီး အခမဲ့သင်ကြားနိုင်
Donate to DVB

တော်လှန်ရေးကာလအတွင်း လက်တွေ့အသုံးချပညာရပ်တွေကို သင်ကြားပေးနိုင်ဖို့အတွက် Burma Academy ဖွဲ့စည်းလိုက်ပြီး လာမယ့် သီတင်းပတ် မတ် ၁၄ ရက်နဲ့ ၁၅ ရက်တွေက စတင်ကာ အခမဲ့ သင်ကြားနိုင်ကြောင်း ကြေညာထားပါတယ်။
ဒါကိုတော့ ကြားကာလ ပညာရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရတနာပုံတက္ကသိုလ်၊ နွေဦးတက္ကသိုလ်၊ ဥဩအင်စတီကျု၊ ဆေးတက္ကသိုလ်မန္တလေး ယာယီတက္ကသိုလ်ကောင်စီနဲ့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ စတဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လေ့လာသင်ယူနိုင်တဲ့ ပလက်ဖောင်းတခုအနေနဲ့ ပူးတွဲတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျောင်းသားတွေ ကိုယ်တိုင်ဖန်တီးတဲ့ ကြားကာလပညာရေးကို ဖော်ဆောင်ဖို့၊ နိုင်ငံရေး အတွေးအခေါ်နဲ့ လက်တွေ့အသုံးချနိုင်တဲ့ ပညာရပ်တွေကို သင်ကြားပေးခြင်းအားဖြင့် တော်လှန်ရေးကို အထောက်အပံ့ပြုဖို့၊ စစ်အာဏာရှင် ပညာရေး စနစ်ဟောင်းကို ဖြိုဖျက်ပြီး ဒီမိုကရေစီ ပညာရေးစနစ်အသစ်တခု ဖော်ဆောင်ဖို့နဲ့ လူတိုင်း အကျုံးဝင်ပညာရေးကို တည်ဆောက်ဖို့ စတဲ့ ရည်ရွယ်ချက် ၄ ခုနဲ့ Burma Academy သင်ကြားရေး ပလက်ဖောင်းကို တည်ထောင်လိုက်တာပါ။
အွန်လိုင်းသင်ကြားရေးပလက်ဖောင်းအတွက် အသုံးပြုမှာတွေကတော့ https://www.facebook.com/BurmaAcademyPlatform/ နဲ့ http://burma.ac/ ဖြစ်ပြီး တော့ အင်တာနက်စာမျက်နှာတခုထဲမှာ လက်တွေ့ အသုံးချပညာရပ်တွေကို ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ COVID-19 Capacity Building For Undergrads ၊ ကိုယ်ဝန် ဆောင်ချိန်အတွင်း ကျန်းမာစွာနေထိုင်ခြင်း ၊ Machine Learning ၊ How To Make Hand Sanitizer ၊ Introduction to United Nations and It's Mechanisms ၊ Deep Learning ၊ Combat Medic Training Course ၊ The Importance of Soap and Soap making စ တဲ့ သင်တန်း ၈ ခုကို စတင်ဖွင့်လှစ်ထားပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013