DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုနိုင်ဟု စစ်ကောင်စီပြော
DVB
·
March 10, 2022
အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုနိုင်ဟု စစ်ကောင်စီပြော
Donate to DVB

အာဆီယံ အထူးသံတမန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဖမ်းဆီးထောင်ချ တရားစွဲခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို အခုလအတွင်း လာရောက်မယ့်  အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆောင်ခွန်းရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဂျပန်သတင်းဌာန  ANN နဲ့ ရုပ်သံတွေ့ဆုံမေးမြန်းခန်းမှာ စစ်ကောင်စီ ပြောခွင့်ရက ပြောသွားတာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပြောချင်တာကတော့ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်ပါတယ်။ ပြစ်ဒဏ်များနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရဆဲ အမှုတွေရှိပါတယ်။ တရားဥပဒေအရ တရားစွဲခံထားရတဲ့သူတွေ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို ဘယ်နိုင်ငံမှ တွေ့ပေးတယ်ဆိုတာ မမြင်ဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း သဘောထား မပြောင်းလဲပါဘူး” လို့ ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ကာ အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့  လုပ်ဆောင်သွားမယ်လို့လည်း  ပြောကြားခဲ့ပါတယ်။

“အာဆီယံ Special Envoy ပါဝင်လာတာဖြစ်တယ်။ အာဆီယံ အထူးသံတမန်ပါဝင်လာတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပိုမိုပြီးတော့ကျ ခိုင်မာလာမယ်၊ ပိုပြီး ကျယ်ပြန့်လာမယ်လို့ ကျနော်တို့ ယုံကြည်တယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို တိုးတက်ကောင်းမွန်လာစေဖို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်ကို အာဆီယံက အထူးသံတမန်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

အခုမတ်လ  ၂၀ ရက်ကနေ ၂၃ ရက်အထိ  ၄ ရက်ကြာ  မြန်မာခရီးစဉ်အတွင်း ပြီးခဲ့တဲ့နှစ် ဧပြီလက သဘောတူညီခဲ့တဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရေး အပါအဝင် အာဆီယံ ခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ဦးတည်ဆွေးနွေးအဖြေရှာ ဖွယ်ရှိပါတယ်။

အာဆီယံ အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေကို  အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂကလည်း အားပေးပြီး ကျောထောက်နောက်ခံပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013