DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ အာဂျိတ်တော်ကုန်းရှိ ကျူးကျော်အိမ်များကို စစ်ကောင်စီ အင်အားသုံးဖယ်ရှား
DVB
·
March 10, 2022
စစ်တွေမြို့ အာဂျိတ်တော်ကုန်းရှိ ကျူးကျော်အိမ်များကို စစ်ကောင်စီ အင်အားသုံးဖယ်ရှား
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့က အာဂျိတ်တော်ကုန်း သုသာန်မြေနေရာတွေမှာ အိမ်ဆောက်ပြီး နေထိုင်ကြတဲ့ ကျူးကျော်အိမ် ၂၀၀ လောက်ကို မတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့တွေက အင်အားသုံးပြီး ဖယ်ရှားခဲ့ပါတယ်။
အဆိုပါ အာဂျိတ်တော်ကုန်းမှာ ကျူးကျော်နေအိမ်တွေဆောက်ပြီး ဝင်ရောက်နေထိုင်ကြတာ ၂ နှစ်နီးပါးလောက် ကြာမြင့်နေပြီဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်တချို့ကလူတွေ စစ်တွေမြို့ပေါ်မှာ အလုပ်လာလုပ်ကြရင်း အခြေချ နေထိုင်နေကြတာပါ။
အခုလို နေအိမ်တွေကို ဖြိုဖျက်လိုက်ကြတဲ့အတွက် မရှိဆင်းရဲသားတွေရဲ့ဘဝကို သတ်လိုက်သလို ဖြစ်နေပြီး မြေနေရာ အစားထိုးပေးတာ လိုချင်တယ်လို့ ရသေ့တောင်မြို့နယ်က ပြောင်းရွှေ့နေထိုင်သူတဦးက ပြောပါတယ်။
“ကျနော်တို့က မရှိဆင်းရဲလို့ မြို့ပေါ်တက်ပြီး အလုပ်အကိုင်တွေ လုပ်ကိုင်စားသောက်နေကြတာ ဖြစ်တယ်။ အခု အိမ်တွေကို ဖြိုဖျက်လိုက်တော့ ကျနော်တို့ ဘယ်မှာသွားနေရမှန်း မသိတော့ဘူး။ ကျနော်တို့မှာ အိမ်ငှားဖို့စရိတ်တွေ မရှိလို့ သုသာန်အနီးမှာ အိမ်လေးတွေဆောက်ပြီး လုပ်ကိုင်စားသောက်နေကြရတာ။ ကျနော်တို့မှာ ကလေးတွေရှိတယ်။ အခု ဘယ်မှာသွားနေထိုင်ကြရမလဲ။”
အဆိုပါ ကျူးကျော်အိမ် ၂၀၀ ကျော်လောက်မှာ လူဦးရေ ၈၀၀ ကျော် နေထိုင်ကြပြီး မရှိဆင်းရဲသား လက်လုပ်လက်စား လုပ်ကိုင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၉ ရက်နေ့ မနက်ပိုင်းကလည်း ဝေသာလီ ဘောလုံးကွင်းနောက် စစ်တွေ-ရေချမ်းပြင် ရထားလမ်းဧရိယာမှာ ကျူးကျော်တွေနေထိုင်ကြတဲ့ အိမ် ၁၀၀ နီးပါးကို စစ်ကောင်စီ ရဲနဲ့ စစ်တပ်က အင်အားသုံး ရှင်းလင်းခဲ့ပါသေးတယ်။
အခုကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
PHOTO- MPA/DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013