DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် စစ်ရှောင်ပြည်သူ ၅၀၀ ကျော် စား၀တ်‌‌နေရေး အခက်အခဲဖြစ်နေ
DVB
·
March 10, 2022
ပူတာအိုတွင် စစ်ရှောင်ပြည်သူ ၅၀၀ ကျော် စား၀တ်‌‌နေရေး အခက်အခဲဖြစ်နေ
1 / 4
Donate to DVB

ဖေဖော်ဝါရီ ၁ ရက်ကစပြီး တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တောတွင်းထွက်ပြေးနေရတဲ့ ကချင်ပြည်နယ် ဆွမ်ပီယန်ရွာက စစ်ဘေးရှောင်ပြည်သူ အယောက် ၅၀၀ ကျော် စားရေးသောက်ရေး အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ ဆွမ်ပီယန်ရွာခံတဦးက ပြောပါတယ်။

"တချို့က မြစ်ကြီးနားဘက်ကို ထွက်ပြေးသွားတယ်။ ကျန်တဲ့ ရွာခံ ၅၀၀ ကျော်တယ်။ အိမ်ခြေက ၁၆၀ ကျော်ခန့်နေမယ်။ တိုက်ပွဲဖြစ်တဲ့ တပတ်လောက်မှာတော့ အကူညီတွေရပါတယ်။ အကူညီရတဲ့ ‌ပစ္စည်းတွေ‌နဲ့ မိုးကာတဲလေးဆောက်ပြီးနေကြတာ ခုတော့ ဘာအကူညီမရတော့ စားရေးသောက်ရေး အခက်ခဲဖြစ်လာတယ်” လို့ ပြောပါတယ်။

ရိက္ခာပြတ်လို့ ရွာမှာရိက္ခာလာယူတဲ့ ဆွမ်ပီယန်ရွာခံ လူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်တာတွေလုပ်ခဲ့သလို ရွာခံတွေရဲ့ နေအိမ်ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ ရွာခံတဦးက ပြောပါတယ်။

"လူငယ်နှစ်ဦးက မတ် ၇ ရက်မှာ အကူညီလည်း မလာတော့ စားသောက်ရေးအခက်ခဲဖြစ်လာလို့ ရိက္ခာသွားယူတာပါ။ စစ်ကောင်စီဘက်က ရွာကိုမ၀င်ဖို့ တားမြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ စားစရာမရှိလို့ စားစရာလာယူတာပါ လို့ပြောပေမဲ့ မရဘူး၊ ဖမ်းဆီးပြီး နောက်တခါရွာကို မပြန်လာဖို့၊ ပြန်လာမယ်ဆိုရင် အကြောင်းကြားရမယ်ဆိုပြီး ခြိမ်းခြောက်မှု‌တွေ လုပ်နေတယ်။ ပြီး‌တော့ အိမ်တိုင်းလိုလို ဖောက်ထွင်းခံရတယ်။ တံခါးတွေအကုန်ပွင့်နေတယ်” လို့ ပြောပါတယ်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်အုပ်စုက ဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီလကစတဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အရဲစွန့်ပြီး အိမ်ကိုပြန်နေတဲ့ ရွာခံတွေလည်း ရှိနေပါတယ်။

ပူတာအိုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ၂၀၂၂ ခုနှစ် ‌‌ဖေဖော်ဝါရီလကစတင်ပြီး တိုက်ပွဲပြင်းထန်လာကာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးသူနှစ်ဦးထိ ရှိလာပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013