DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၄၀ ထိရှိလာ
DVB
·
March 10, 2022
စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၄၀ ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်း ဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၆၄၀ နဲ့ ဖမ်းဆီးထိန်း သိမ်းခံရသူပေါင်း ၁၂၅၈၈ ယောက်ထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ ထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၅၅၉ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၃၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ လက်ပန်တောကျေး ရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်ပန်တောကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ပြည် သူ ၈ ယောက် လက်နက်ကြီးထိမှန်ကာ နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

အဆိုပါစစ်ဘေးရှောင်ပြည်သူ ၈ ယောက်ဟာ လက်ပန်တောကျေးရွာက အသက် ၉၃ နှစ်အရွယ် ဒေါ်တင်ညွန့်၊ အသက် ၇၀ ကျော်အရွယ် ဦးသန်းမောင်၊ အသက် ၃၀ အရွယ် မမို့မို့ဝင်း၊ သူ့ရဲ့သား ၂ ယောက်ဖြစ်တဲ့ အသက် ၇ နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်၊ အသက် ၉ နှစ် အရွယ် မောင်စွမ်းထက်နိုင်နဲ့ အသက် ၇၀ ကျော်အရွယ် မိခင်ဖြစ်သူ ဒေါ်သိန်းလှ၊ ကံသာကျေးရွာက အသက် ၇၀ ကျော်အရွယ် ဦးသိန်းမောင်နဲ့ ဦးအုန်းလှိုင်တို့ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၅ ရက်ညနေ ၅ နာရီလောက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗ မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ရဲ့ မြို့နယ်သမဂ္ဂ အသီးသီးက ဗကသကျောင်းသားတွေ(ယာယီ) တည်းခိုနေထိုင်နေကြတဲ့ မရမ်းကုန်းမြို့ နယ်၊ (၃) ရပ်ကွက်ရှိ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုတပ်က အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ သိရပါတယ်။ 

အဆိုပါစီးနင်းမှုအတွင်း ဗကသ ကျောင်းသား ၈ ယောက်ဖမ်းဆီးခံခဲ့ရပြီး အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)ရဲ့ ဥက္ကဌ(ဟောင်း) ကိုညီမင်းသူဟာ ရင်ညွန့်ကို ကျည်ထိမှန်ကာ နေရာတင် ကျ ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013