DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးကြောင့် မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းမှု အဟန့်အတားဖြစ်ဟု အင်ဒိုပြော
DVB
·
March 9, 2022
မြန်မာ့အရေးကြောင့် မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းမှု အဟန့်အတားဖြစ်ဟု အင်ဒိုပြော
Donate to DVB

မြန်မာနိုင်ငံက နိုင်ငံရေး မတည်ငြိမ်မှုတွေဟာ ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါးပပျောက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုကို အဟန့်အတား ဖြစ်စေတယ်လို့ အမျိုးသားမူးယစ်ဆေးဝါးဘုတ်အဖွဲ့ (BNN) အကြီးအကဲက မတ်လ ၈ ရက်က ပြောပါတယ်။
ကော်မရှင်နာမင်းကြီး ပီထရပ်စ်ရိန်းဟတ်ဂိုလို့စ်က “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့ရဲ့ ဗျူဟာတွေထဲမှာ ပါဝင်နေပြီးတော့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ အားထုတ်ကြိုးပမ်းခဲ့ပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာလည်း အားလုံးက နားလည်ပါတယ်” လို့ အနောက်ဂျာဗားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရွှေတြိဂံနယ်မြေဟာ မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ ကျယ်ကျယ်ပြန့်ပြန့် ထိစပ်နေတဲ့ နယ်မြေဧရိယာကို ရည်ညွှန်းတာဖြစ်ပြီး အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး အမျိုးအစား အမျိုးမျိုးကို အဓိကထုတ်လုပ်တဲ့ နေရာအဖြစ် လူသိများကြောင်းလည်း သူက ဆိုပါတယ်။
အာချေးမှာ ၂ ကြိမ်နဲ့ အလယ်ပိုင်း ကလီမန်တန်မှာ ၁ ကြိမ် သီးခြားစီးနင်းမှု ၃ ကြိမ်အတွင်း မက်သာဖက်တမင်း အခဲ ၁၂၁ ဒသမ ၅၂ ကီလိုဂရမ်ကို အေဂျင်စီက သိမ်းဆည်း ဖမ်းမိခဲ့ကြောင်း ဂိုလို့စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါး အများစုမှာ တရုတ်လက်ဖက်ခြောက်ထုပ်တွေနဲ့ ထုပ်ပိုးထားတာကြောင့် ရွှေတြိဂံဇုန်အတွင်း လုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါး အစုအဖွဲ့တွေကနေ ပို့ဆောင်ခြင်းဖြစ်မယ်လို့ အေဂျင်စီက သံသယရှိကြောင်းလည်း သူက ပြောပါတယ်။
လက်ရှိ ထုပ်ပိုးမှုအရ မူးယစ်ဆေးဝါးတွေဟာ ရွှေတြိဂံဒေသကနေ ပေးပို့တာလို့ သံသယရှိကြောင်းနဲ့ အထုပ်ရဲ့ လက္ခဏာတွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံက အစပြုလာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ရွှေတြိဂံဒေသအတွင်း ကျင်လည်လုပ်ကိုင်နေတဲ့ အစုအဖွဲ့တွေက မူးယစ်ဆေးဝါးတွေ ခိုးသွင်းဖို့ ကြိုးပမ်းမှုများကို အေဂျင်စီက အကြိမ်ကြိမ် တားမြစ်ခဲ့ပြီး အဝင်ဂိတ်တွေကို စောင့်ကြည့်ကြပ်မတ်ခြင်းနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်ခြင်း စတဲ့ အစီအမံများစွာကို ဆောင်ရွက်ခဲ့ကြောင်း BNN အကြီးအကဲက ပြောပါတယ်။
မနှစ်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု အရှိန်အဟုန် မြင့်တက်လာခဲ့ကြောင်းလည်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013