DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ ဝန်ထမ်းအိမ်ရာအနီး ဗုံးပေါက်ကွဲ
DVB
·
March 9, 2022
ဗန်းမော်မြို့ ဝန်ထမ်းအိမ်ရာအနီး ဗုံးပေါက်ကွဲ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ MPT တာဝါတိုင်နားက ဝန်ထမ်းအိမ်ရာအနီး မတ်လ ၈ ရက် ည ၈ နာရီလောက်က ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
"၈ နာရီ နည်းနည်းကျော်လောက်မှာ အသံကြားရတယ်၊ ညောင်ပင်ရပ်ဘက်မှာ ပေါက်တာလို့ ပြောတယ်၊ MPT တာဝါတိုင်နားဘက်တဲ့" လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတဲ့သတင်း မကြားသိရပေမဲ့ Bhamo PDF ကတော့ ဗန်းမော်သစ်ထုတ်လုပ်ရေး ရုံးရှေ့မှာ မိုင်းတပ်ဆင် ဖောက်ခွဲခဲ့တာလို့ အတည်ပြု ထုတ်ပြန်ပါတယ်။
အခုမိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီလက်အောက်က စစ်သားနဲ့ ရဲတွေ တနေ့တခြား လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေတဲ့နေရာလို့ သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း မြို့နယ်အားကစားကွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အခုဗုံးပေါက်ကွဲတာဟာ စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ကလပ်ပေါင်းစုံ ဘောလုံးပွဲ ဗိုလ်လုပွဲကျင်းပဖို့ ၃ ရက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013