DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု NUG ဒုဝန်ကြီး မအိသဉ္စာမောင် ရရှိ
DVB
·
March 9, 2022
နိုင်ငံတကာအမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု NUG ဒုဝန်ကြီး မအိသဉ္စာမောင် ရရှိ
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို  မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။

ဒီဆုဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား/မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

IWOC ဆုကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ချီးမြှင့်လာတာဖြစ်ပြီးတော့ နိုင်ငံပေါင်း ၈၀ ကျော်က အမျိုးသမီးပေါင်း ၁၇၀ ကို ဆုချီးမြှင့်ခဲ့တာဖြစ်ကာ အခုနှစ်အတွက် ဆုရရှိသူ ၁၂ ယောက် ရှိခဲ့တာပါ။

ဒီနှစ်ဆုရသူတွေထဲမှာ မြန်မာနိုင်ငံက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန  ဒုဝန်ကြီး မအိသဉ္စာမောင်နဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီရတ်၊ လိုက်ဘေး ရီးယား၊ လစ်ဗျား၊ မော်ဒိုဗာ၊ နီပေါလ်၊ ရိုမေးနီးယား၊ တောင်အာဖရိကနဲ့ ဗီယက်နမ် နိုင်ငံတွေက အမျိုးသမီးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ(NUG)မှာ အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီး ယူထားရတဲ့ အိသဉ္ဇာမောင်ကိုတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်အနေနဲ့ နွေဦးတော်လှန်ရေးမှာ အားလုံးက အသိအမှတ်ပြုခဲ့ကြရသူပါ။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လက်ပံတန်းမြို့နယ်မှာ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင် ဆင်ဖို့ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး သာယာဝတီအကျဉ်းထောင်မှာ ကျခံခဲ့ရပါတယ်။

မအိသဉ္ဇာမောင်ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တယောက်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ပန်းဘဲတန်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဒု၀န်ကြီးအနေနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ သူဟာ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ရွေးချယ်ဖော်ပြခံ ထားရပါတယ်။

IWOC ဆုကိုတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေဖြစ်ကြတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၁၂ ခုနှစ်မှာ ရရှိထားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဒေါ်မေစံပယ်ဖြူ၊ ၂၀၁၉ ခုနှစ်မှာ နော်ကညောဖော၊ ၂၀၂၁ ခုနှစ်မှာ မဖြိုးဖြိုးအောင်တို့ ရရှိခဲ့ကြဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013