DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် နိုက်ကလပ်၊ ကေတီဗွီနှင့် အရက်ဘားဆိုင်အချို့ ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
March 9, 2022
ရန်ကုန်တွင် နိုက်ကလပ်၊ ကေတီဗွီနှင့် အရက်ဘားဆိုင်အချို့ ဖောက်ခွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့   SKY WAY CLUB & KTV ဆိုင်၊    Brave Bar  နဲ့  ယာဥ်ထိန်းရဲကင်းတဲ ၁ ခု တို့မှာ   မတ်လ ၈ ရက်က  ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အလုံမြို့နယ် ကြည့်မြင်တိုင်ကမ်းနားလမ်းနဲ့ အလုံလမ်းထောင့်က ယာဥ်ထိန်းရဲကင်းတဲမှာ ဒီနေ့ ည ၈ နာရီခွဲကျော်က ဖောက်ခွဲတိုက်ခိုက်ခဲ့သလို  စစ်ကောင်စီကို အခွန်ပေးဆောင်နေတဲ့ SKY WAY CLUB နဲ့ KTV မှာလည်း ဒီနေ့ ည ၈ နာရီ ကျော်လောက်ကပဲ ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Dark  Shadow အဖွဲ့က ကြေညာပါတယ်။

ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို အတိအကျ မသိရသေးသလို လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

ဒေသခံတဦးက “ည ၈ နာရီ ကျော်လောက်က ပေါက်ကွဲတာ။ ညဆိုတော့ အသံသာကြားလိုက်တာ။ လူထိခိုက်တာ မသိသေးဘူး” လို့ ပြောပါတယ်။

Brave Bar

အလားတူ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းမှာရှိတဲ့  Brave Bar မှာလည်း ဒီနေ့ညနေက ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တယ်လို့  မြို့ခံတွေထံက သိရပါတယ်။

တိုက်ခိုက်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာတဲ့ သတင်းတွေမကြားသိရပေမဲ့  Brave Bar ဆိုင်ရဲ့ အဆောက်အအုံနဲ့ မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ တယ်လို့ ဆိုပါတယ်။ 

Brave Bar ကို ဒီကနေ့ ညနေ ၃ နာရီလောက်က တိုက်ခိုက်ခဲ့တဲ့အကြောင်းနဲ့ အများပြည်သူတွေအနေနဲ့ ခရိုနီစစ်အုပ်စုပိုင်ဆိုင်တဲ့ နေရာတွေကို သွားလာတာမပြုလုပ်ဖို့  တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (JBF) က ထုတ်ပြန်ကြေညာပါတယ်။ 

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား၊ သူတို့ရဲ့ ဒေါက်တိုင်တွေနဲ့ သူတို့ကို ငွေကြေးအရ ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် ဒုက္ခပေးနေတဲ့ အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထားပြီး အထူး တိုက်ခိုက် ချေမှုန်းမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

အရက်ဘားဆိုင်တွေဟာ စစ်ကောင်စီကို အားပေးအားမြှောက် ပြုလုပ်နေရုံသာ မကဘဲ လူငယ်တွေရဲ့ ရှေ့အနာဂတ်ကိုပါ ဖျက်ဆီးနေတာဖြစ်လို့ နောက်တစ်ခါဆို ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ (Justice Bringer Force-JBF)က  သတိပေးပါတယ်။

Photo Credit- SKY WAY& Brave Bar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013