DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် Gentleman Agreement နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားဟု အေအေပြော
DVB
·
March 8, 2022
ရခိုင်တွင် Gentleman Agreement နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားဟု အေအေပြော
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ မဖြစ်တော့ဘဲ ရပ်တန့်နေတာဟာ သဘောတူညီချက်တစုံတရာ ရယူထားတာမဟုတ်ဘဲ Gentleman Agreement နှစ်ဘက်နားလည်မှုနဲ့ပဲ ရပ်စဲထားတာဖြစ်တယ်လို့  အေအေအဖွဲ့က ပြောပါတယ်။

မတ် ၅ ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခက ပြောကြားတာဖြစ်ပါတယ်။ 

“ကျနော်တို့က ဒီအခု SCC နဲ့ ကျနော်တို့ကြားမှာ အပစ်အခတ်ရပ်စဲထားတာဟာ တစ်ခု သဘောတူညီချက်မှလည်း လက်မှတ်ထိုးပြီးတော့ ရပ်စဲထားတာ မရှိပါဘူး၊ ကျနော်တို့ဟာ Gentleman agreement နှစ်ဘက်နားလည်မှုနဲ့ပဲ ရပ်စဲထားတာဖြစ်ပါတယ်၊ အခုအကျဥ်းသား လွှတ်ပေးရေးကိစ္စတွေ၊ အဲဒီလိုဟာတွေကို လုပ်ပေးနေတာက ကျနော်တို့ရဲ့ ကြားခံလူတွေကတဆင့် အဲဒီလို ပြောဆိုလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ခြုံပြီးပြောမယ်ဆိုရင် ကျနော်တို့ကြားမှာ concrete သဘောတူညီချက် တစ်ခုမှလည်း မရှိဘူးလို့ ပြောလို့ရပါတယ်။ ​ပြီးရင် မြန်မာစစ်တပ်ဘက်က  စစ်ရေးလှုပ်ရှားမှုအခြေအနေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ဘက်ကလည်း အမြဲတမ်း မျက်ခြည်မပြတ်စောင့်ကြည့်နေတယ် ဆိုတာကို ပြောလိုပါတယ်၊ ပြီးရင် ကျနော်တို့က လိုအပ်ရင်လိုအပ်သလို ဘယ်အခြေအနေမှာမဆို အမြဲတမ်းအဆင်သင့်ဖြစ်အောင်လို့ ကျနော်တို့ဘက်ကလည်း ကြိုးပမ်းလုပ်ဆောင်နေတာ ရှိပါတယ်” လို့ ခိုင်သုခက  ပြောပါတယ်။

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ကြား  အန်အယ်လ်ဒီအစိုးရလက်ထက်က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ရပ်သွားသလို  ရခိုင်အမျိုးသားရေးနဲ့  နိုင်ငံရေးလှုပ်ရှားမှုတွေလည်း မရှိသလောက် ရပ်တန့်သွားပါတယ်။ 

ရခိုင်မှာ လက်ရှိအချိန် တိုက်ပွဲဖြစ်ပွားတာမရှိတော့ပေမဲ့ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ရေးလှုပ်ရှားသွားလာတာတွေ ရှိနေသလို မြို့ပေါ်တွေမှာလည်း မကြာခဏ ဧည့်စာရင်းစစ်တာ၊ စစ်ကားတွေနဲ့ လှည့်လည်နေတဲ့အတွက် ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013