DVB Logo
Home
မြန်မာသတင်း
ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ဒီးမော့ဆိုက နေအိမ် ၁၅ လုံးနှင့် ဘုရားကျောင်းပျက်စီး၊ ၂ ဦးဒဏ်ရာရ
DVB
·
March 8, 2022
ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ဒီးမော့ဆိုက နေအိမ် ၁၅ လုံးနှင့် ဘုရားကျောင်းပျက်စီး၊ ၂ ဦးဒဏ်ရာရ
1 / 5
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာကို ဒီမနက်အစာပိုင်း ၂ နာရီလောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဆောင်ဒူလာ ကက်သလစ် ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ ကျေးရွာသူရွာသားတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ခိုအောင်းနေတဲ့ ဆောင်ဒူလာကျေးရွာကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ကျေးရွာမှာ မတ် ၆ ရက်နေ့က ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၂ ဦး အရှင်ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ကရင်နီပူးပေါင်းတပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို စစ်ကောင်စီဘက်က အများအပြား သေဆုံးပြီးနောက် မတ်လ ၇ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ကျောက်ဆည်ကန်နဲ့ သေးဆူလဲ ကျေးရွာတွေကို အင်အားလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်အား ကရင်နီပူးပေါင်းတပ်တွေက  ပူးပေါင်းတိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့က အရာရှိ အရာခံ အပါအဝင် တပ်သားအများအပြား သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့  (DMO-Local PDF) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အထိနာတဲ့ စစ်ကောင်စီဘက်က မတ်လ ၇ ရက်နေ့ နေ့ခင်းပိုင်းလောက်ကစပြီး ရဟတ်ယာဉ် ၂ စီး၊ တိုက်လေယာဉ် ၂ စီးနဲ့ ၁၅ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ညဘက်မှာလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁၅ လုံးလောက် မီးလောင်ပျက်စီးသွားခဲ့သလို ဒီကနေ့မနက်အစောပိုင်း တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကက်သလစ် ဘုရားကျောင်းတကျောင်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013