DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပြည်သူ ၁၆၂၀ ဦးကို ပစ်ခတ်သတ်ဖြတ်၊ နေအိမ်အလုံး ၄၄၀ ထက်မနည်း မီးရှို့ ဖျက်ဆီး
DVB
·
March 8, 2022
စစ်တပ်က ပြည်သူ ၁၆၂၀ ဦးကို ပစ်ခတ်သတ်ဖြတ်၊ နေအိမ်အလုံး ၄၄၀ ထက်မနည်း မီးရှို့ ဖျက်ဆီး
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်း ဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၆၂၀ ယောက်နဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်အလုံး ၄၄၀ ထက်မနည်းရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၅၂၃ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၃၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်ည ၇ နာရီ မိနစ် ၂၀ လောက်က ဖာပွန်မြို့အခြေစိုက် စစ်အုပ်စုတပ်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းက ကလော်ဒေးကျေးရွာဘက်ကို လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလော်ဒေးကျေးရွာမှ ဒေသခံ ၇ ယောက် ကျဆုံးသွားခဲ့ပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ ကျဆုံးသွားခဲ့တဲ့ ဒေသခံ ၇ ယောက်ကတော့ အသက် ၂ နှစ်အရွယ် နော်တာလူ၊ အသက် ၅ နှစ်အရွယ် နော်ထူး ဖော၊ အသက် ၁၄ နှစ်အရွယ် နော်တင်နီလာဝင်း၊ အသက် ၁၉ နှစ်အရွယ် စောဒေးဖိုး၊ အ သက် ၄၀ အရွယ် စောကေ၊ အသက် ၂၂ နှစ်အရွယ် နော်အယ်မူးနဲ့ အသက် ၃၂ နှစ်အရွယ် နော်ဖောဝါးတို့ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် မတ် ၄ ရက်မနက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းက မင်းဆွေနှစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာလုံ ခြုံရေးအတွက် ကင်းစောင့်နေတဲ့ ဒေသခံ ၉ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၉ ယောက်ထဲက ၅ ယောက်ကတော့ မင်းဆွေနှစ် ကျေးရွာက ကိုအောင်သူ၊ ကိုဖိုးမဲ၊ ကိုချမ်းမြေ့ဇော်၊ ကိုဘုန်းနိုင်နဲ့ ကိုပြည့်ဖြိုးအောင် တို့ဖြစ်ကြပြီး ကျန် ၄ ယောက်ကတော့ မြင်းသူကြီးကျေးရွာ၊ ကြာခတ်ကျေးရွာနဲ့တခြား ကျေးရွာတရွာတို့က ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013