
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ မတ်လ ၇ ရက် မနက် ၇ နာရီခွဲလောက်က KNLA ပူးပေါင်း PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးသွားတယ်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။
KNLA တပ်မဟာ (၆) တပ်ရင်း ၂၇ တပ်ခွဲ ၂ ဗိုလ်ကြီးစောမှူးကေ ဦးစီးအဖွဲ့အင်အား ၁၀၀ လောက်နဲ့ စစ်ကောင်စီ စကခ ၁၂ ခလရ ၂၃၁ အဖွဲ့အကြား တိုက်ပွဲ မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီဘက်က ၅ ဦးကျဆုံးပြီး KNLA ဘက်ကတော့ စစ်သည် တစ်ဦး ခြေထောက်မှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တာဝန်ရှိသူက ဆက်ပြောပါတယ်။
လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က စစ်ကောင်စီ ကျူးကျော်တိုက်ပွဲတွေကြောင့် ၃ လနီးပါးတိုက်ပွဲဖြစ်ရာ ယနေ့ထိတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ပွဲကြောင့်ထွက်ပြေးရတဲ့ စစ်ရှောင် ပြည်သူတွေ အခုအချိန်အထိ အိမ်မပြန်နိုင်သေးဘူး။