DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်၌ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အရပ်သား ၇ ဦးသေ ၄ ဦးဒဏ်ရာရ
DVB
·
March 7, 2022
ဖာပွန်ခရိုင်၌ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အရပ်သား ၇ ဦးသေ ၄ ဦးဒဏ်ရာရ
1 / 2
Donate to DVB

ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဘူးသိုမြို့နယ် ကလောဒေးကျေးရွာထဲကို မတ် ၅ ရက် ည ၇ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်(BGF)တပ်ရင်း၊ ၁၀၁၂ ၊ ၁၀၁၃ ၊ ၁၀၁၄ ပူးပေါင်းတပ်တွေက ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်နဲ့ လူသောမြို့နယ်အတွင်းက အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာအတွင်းနဲ့ လုပ်ငန်ခွင်အတွင်းကို နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလောဒေး ကျေးရွာသားတစ်ဦးက “ညပိုင်း အနားယူ အိပ်စက်ချိန် လက်နက်ကြီးနဲ့ အပစ်ခံရတာ။ သေဆုံးသူများတယ်။ အခုက လက်နက်ကြီး ကြောက်ရ။ လေယာဉ် ကြောက်ရ။ ရွာထဲကို စစ်တပ်ကကောင်တွေ ဝင်လာလည်း ကြောက်ရ။ ကျနော်တို့ဘဝက အကြောက်တရားနဲ့ နေနေရတယ်။ အပြစ်မရှိတဲ့သူတွေ အသက်ပေးနေရတယ်။ ဒီစစ်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ”လို့ ဆိုပါတယ်။

စစ်ကာင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ အများဆုံး ပါဝင်ပြီး သက်ကြီးရွယ်အိုနဲ့အတူ ကလေးငယ် ၂ ဦးပါ သေဆုံးခဲ့သလို နေအိမ်တွေပါ လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း ကေအန်ယူထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့တပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီး အလုံးပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းကနေ  ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး၊ ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013