DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးရည်မှန်းချက်များမရရှိပါက အမျိုးသားနိုင်ငံတော်တည်ဆောက်မည်ဟု ULA/AA ပြော
DVB
·
March 5, 2022
နိုင်ငံရေးရည်မှန်းချက်များမရရှိပါက အမျိုးသားနိုင်ငံတော်တည်ဆောက်မည်ဟု  ULA/AA ပြော
Donate to DVB

ရခိုင်ပြည်သူတွေ လိုချင်တဲ့  နိုင်ငံရေး ရည်မှန်းချက်တွေကို မြန်မာနိုင်ငံအတွင်းမှာ  နေရာမရှိဘူးလို့ပြောလာရင် နိုင်ငံတကာ အသိုက်အဝန်းမှတဆင့် အမျိုးသားနိုင်ငံတော်တည်ဆောက်သွားမယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်  ULA /AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောကြားလိုက်ပါတယ်။

မတ်လ ၅ ရက် ဒီကနေ့အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ULA/AA ရဲ့ နိုင်ငံရေးရည်းမှန်းချက်ကို ဒီဗွီဘီသတင်းထောက်က မေးမြန်းတာကို ပြောရေးဆိုခွင်ရှိသူက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ULA/AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျနော်တို့ ULA/AA အနေနဲ့ ကျနော်တို့ ပြည်သူတွေဖြစ်ချင်တဲ့ နိုင်ငံရေးဆန္ဒကို လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံဆိုတဲ့ အဝိုင်းအဝန်းမှာ နေရာမရှိဘူးဆိုရင်တော့ ကျနော်တို့က နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုတွေကိုရအောင် ကျနော်တို့ ကိုယ်ဟာကိုဆက်လုပ်သွားရမယ့် အနေအထားဖြစ်ပါတယ်။ တိုတိုနဲ့ လိုရင်းပြောရမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးရည်းမှန်းချက်ကို ဖန်းတီးလို့ရမယ်ဆိုရင်တော့ အခုရှိနေတဲ့  မြန်မာနိုင်ငံအထဲက တခြားတိုင်းရင်းသားတွေနဲ့အတူ ကျနော်တို့ ဆက်ပြီးရင် ရှိနေနိုင်တယ်။ သို့တည်းမဟုတ် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုထဲမှာ နေရာမရှိဆိုရင်တော့ ကျနော်တို့ ကိုယ်တိုင် ဖန်တီးပြီးတော့ ကျနော်တို့ အစိုးရနဲ့ ကျနော်တို့ အနာဂတ်အမျိုးသားနိုင်ငံတော်ကို ကျနော်တို့ ကိုယ်တိုင်ဆက်ပြီးတော့ နိုင်ငံတကာနဲ့အတူ လက်တွဲပြီး တည်ဆောက်သွားရမှာဖြစ်တယ်”လို့ ပြောပါတယ်။

ULA/ AA ရဲ့ပထမအကြိမ်သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ ရခိုင်ဘာသာစကားနဲ့ အွန်လိုင်းကနေ ကျင်းပတာဖြစ်ပြီး  ULA/AA ရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးနဲ့  သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်  ULA /AA ဟာပြီးခဲ့တဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက်က  ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖော်ဆောင်ပြီး ရခိုင်အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးရည်မှန်းချက်တွေအတွက် တောင်းဆိုတိုက်ပွဲဝင်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပေမဲ့ လက်ရှိ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ လှုပ်ရှားမှုတွေ မရှိသလောက် နည်းပါးရပ်ဆိုင်းသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013