DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ဝတ်စုံ လေလံတင်ရောင်းချပွဲ ကိုရီးယားတွင် ကျင်းပမည်
DVB
·
March 5, 2022
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ဝတ်စုံ လေလံတင်ရောင်းချပွဲ ကိုရီးယားတွင် ကျင်းပမည်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စုံ လေလံတင်ရောင်းချပွဲနဲ့  KTJ SUPPORTING GROUPရဲ့ တတိယအကြိမ် ကံစမ်းမဲအစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားကို မတ် ၆ ရက် မနက်ဖန် တနင်္ဂနွေနေ့ ကိုရီးယားစံတော်ချိန် မနက် ၁၁ နာရီ အွန်လိုင်းကနေ ကျင်းပဖို့ ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ပြည်ပရောက် နွေဦးတော်လှန်ရေးအဖွဲ့တွေက  ပူးပေါင်းကျင်းပတာဖြစ်ပြီး လေလံတင်မယ့် အင်္ကျီဟာ နဝတ၊ နအဖ စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျနေစဉ်ကာလမှာ လက်မောင်းအဆက်ကြားအရောင်ကွပ် ဒီဇိုင်းထွင်ခဲ့ပြီး အတူနေသူ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက ချုပ်ပေးခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။

စက်ကြီးပန်းထိုးတွေ၊ အနားကွပ်တဲ့ အရောင်သွေးတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်တွဲစပ် ပေးထားတာဖြစ်ပါတယ်။ အထူးသဖြင့် ထမီရဲ့အထက်ဆင့်တွေကို အနက်ရောင် မသုံးတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်လည်း ဖြစ်ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့ချိန်တုန်းက စက်ချုပ် သင်ယူတတ်မြောက်ခဲ့ပြီး သူကိုယ်တိုင် စိတ်ကူးနဲ့ ဒီဇိုင်းလေးတွေ ဖန်တီးရတာ ပျော်ရွှင်ကျေနပ်တတ်သူ ဖြစ်ပါသည်။

အဆိုပါ အင်္ကျီကို လက်ဆောင်အဖြစ် ရရှိခဲ့သူတဦးက အများအကျိုးရှိစေမယ့် နေရာမှာ အသုံးပြုစေလိုတဲ့ရည်ရွယ်ချက်နဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံအရေးလှုပ်ရှားဆောင်ရွက်မှုတွေကို အားပေးလိုစိတ်၊ ပူးပေါင်းပါဝင်လိုစိတ်နဲ့ NUG  ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အလှူရှင်ဟာ အင်္ကျီလေလံတင်ရောင်းချရတဲ့ငွေတွေအနက် အနည်းဆုံး တဝက်တိတိကို ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး အပြင်မထွက်နိုင်၊ အလုပ်လည်းမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေဆီကို လှူပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။

လေလံပွဲကို အောက်ပါ  Page တွေနဲ့  Channels တွေမှာ  ကြည့်ရှုနိုင်မှာဖြစ်သလို   ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ NUG ရုံးပေချ့်မှာလည်း ကြည့်ရှုနိုင်ပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013