DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေ
DVB
·
March 3, 2022
ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မကြာသေးခင် သီတင်းပိတ်တွေအတွင်း တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တပ်ဖွဲ့ဝင်အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်နဲ့ တတိယပတ်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ခရိုင်ပူးပေါင်း(PDF)တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅၀ ကျော်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ၂ ယောက် ကျဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာ၊ သ ပြေအေးကျေးရွာတွေက လူနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ခဲ့ကြတာကြောင့် အိမ်ခြေရာနဲ့ချီ ဆုံးရှုံးခဲ့ရသလို လက်ရှိအချိန်ထိ အရပ်သားပြည်သူ ၁၁ ‌ယောက်လောက် သေဆုံးခဲ့ပြီး တချို့ကို မတရားဖမ်းဆီးခေါ်ဆောင်သွာခဲပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့ပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ယင်းမာပင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားခဲ့တာ ၁ နှစ် ကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေကြားကတိုက်ပွဲ ပြင်းထန်နေပြီး အခြေအနေတွေ ပိုဆိုးလာနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013