DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ၂ လအတွင်း ကရင်နီပူးပေါင်းတပ်နှင့် ပြည်သူ ၁၂၀ ကျော် သေဆုံး
DVB
·
March 3, 2022
တိုက်ပွဲကြောင့် ၂ လအတွင်း ကရင်နီပူးပေါင်းတပ်နှင့် ပြည်သူ ၁၂၀ ကျော် သေဆုံး
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်မှာ ၂၀၂၂ ခုနှစ် ၂ လအတွင်း တိုက်ပွဲနဲ့ တိုက်ပွဲနဲ့ဆက်နွှယ်ပြီး လူပေါင်း ၁၂၁ ဦး  သေဆုံးသွားတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အရပ်သား ပြည်သူသေဆုံးမှု  ၇၀၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၅ ဦးနဲ့ KNDF/ PDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် သေဆုံးမှု ၄၆ ဦးရှိကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ၂၀၂၀ ခု ဇန်နဝါရီကနေ ဖေဖော်ဝါရီလကုန်အထိ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီမှာ လွိုင်ကော်မြို့နယ်မှာ ၂၅ ကြိမ်နဲ့ အများဆုံး ဖြစ်ဖွားခဲ့ကြောင်း ဖော်ပြပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်ခံရမှု ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၇၇ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး ပျက်စီးသွားခဲ့ပါတယ်။

ဒီနှစ်လ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က  ၂၈၄ ဦးသေဆုံးကာ စစ်ကောင်စီယာဉ် ၇ စီး ပျက်စီးသွားခဲ့ကြောင်းနဲ့  မတရားဖမ်းဆီးခံရသူ ၁၂ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခု ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခု ဖေဖော်ဝါရီ ၂၈ ရက်အထိ ကရင်နီ ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ၁၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က  ၇၉၀ ဦး သေဆုံးကာ ကရင်နီပူးပေါင်းတပ်ဘက်က ၈၇ ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

တနှစ်ကျော်ကြာအတွင်း အရပ်သားပြည်သူ ၂၂၁ ဦး သေဆုံးခဲ့ရပြီး လူနေအိမ် ၆၄၉ လုံး ပျက်စီးသွားကာ၊ ဘာသာရေးအဆောက်ဦ ၁၀ လုံးပျက်စီးခဲ့ရသလို မတရားဖမ်းခံရသူ ၂၂၀ ရှိကြောင်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013