DVB Logo
Home
မြန်မာသတင်း
မတ္တရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံး တပတ်အတွင်း မနုတ်ထွက်လျှင် အရေးယူခံရမည်
DVB
·
March 2, 2022
မတ္တရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံး တပတ်အတွင်း မနုတ်ထွက်လျှင် အရေးယူခံရမည်
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း လစ်လပ်နေတဲ့ အုပ်ချုပ်ရေးမှူးနေရာတွေမှာ စစ်ကောင်စီရဲ့ အစားထိုးခန့်အပ်ခံထားရတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအားလုံး တစ်ပတ်အတွင်း နုတ်ထွက်ပြီး ပြည်သူ့ရင်ခွင်ခိုဝင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)က မတ်လ ၁ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

မတ္တရာမြို့ပေါ် ငါးရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈၈ ခုရှိပြီး တော်လှန်ရေးကာလအစောပိုင်းမှာ အုပ်ချုပ်ရေးတာဝန် ယူခဲ့ကြသူတွေထဲက ဆယ်ဦးလောက် သုတ်သင်ခံခဲ့ရသလို ဆယ်ဦးခန့်လောက်ကတော့ ပြန်လည်နုတ်ထွက်သွားကြတာပါ။

လတ်တလောမှာ အသစ်ပြန်လည် အစားထိုးခန့်ထားတာဖြစ်ပြီး အဆိုပါ အုပ်ချုပ်ရေးမှူး အားလုံးရဲ့ အမည်စာရင်းတွေကိုလည်း သိရှိထားပြီးဖြစ်တယ်လို့ ပကဖ(မတ္တရာ) က ဆိုပါတယ်။

ပကဖ(မတ္တရာ)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက “ရပ်ကျေးအုပ်ချုပ်ရေးယန္တရားကို လည်ပတ်လာအောင်လုပ်လာတာရယ်၊ နောက်ပြီးတော့ ပျူစောထီးတွေ အခြေချဖို့ လုပ်လာတာရယ်၊ တွေ့ရတာပေါ့။ အဲ့ဒါကြောင့်မို့ ပထမအဆင့်အနေနဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ တပတ်အချိန်ပေးပြီးတော့ နုတ်ထွက်ဖို့ ကျနော်တို့ ပကဖ က နေပြီးတော့ မေတ္တာရပ်ခံထားတာပေါ့” လို့ ပြောပါတယ်။

အသစ်ခန့်အပ်ခံထားရတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ တပတ်အတွင်း တာဝန်ကနေ နုတ်ထွက်ကာ ပြည်သူနဲ့ပူးပေါင်းကြဖို့ ပကဖ(မတ္တရာ)က မေတ္တာရပ်ခံထားပြီး လိုက်နာပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက မလွှဲမရှောင်သာပဲ လိုအပ်သလို အရေးယူမယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်အတွင်း ရဲတွေက ဆက်ကြေးယူပြီး လောင်းကစားဝိုင်းတွေ အင်မတန်များပြားလာတဲ့နောက် ပကဖ(မတ္တရာ)က သတိပေးစာထုတ်ပြန်ခဲ့တဲ့အတွက် တံငါသည်၊ ရေနံ့သာကျေးရွာတွေနဲ့ မြစ်ကမ်းဘေးက ကျေးရွာတွေမှာရှိတဲ့ လောင်းကစားဝိုင်းတွေ ရပ်တန့်သွားခဲ့တယ်လို့ မတ္တရာမြို့ခံတွေက ပြောပါတယ်။ 

လတ်တလောမှာတော့ မတ္တရာ‌အရှေ့ပိုင်းနယ်က ကျွဲကျ လောင်းကစားဝိုင်း၊ လွန်တောင်းကျေးရွာက လောင်းကစားဝိုင်းနဲ့ အောက်ကင်းက ကြက်ဝိုင်း‌တစ်ခု ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013