DVB Logo
Home
မြန်မာသတင်း
ရဲတိုက်၊ ပိုပိုနှင့် မဝင်းမင်းသန်းတို့ မလွတ်မြောက်သေးဟု ရှေ့နေပြော
DVB
·
March 2, 2022
ရဲတိုက်၊ ပိုပိုနှင့် မဝင်းမင်းသန်းတို့ မလွတ်မြောက်သေးဟု ရှေ့နေပြော
Donate to DVB

သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မော်ဒယ်လ် ပိုင်တံခွန်နဲ့ ဒါရိုက်တာဝိုင်းတို့ အင်းစိန်ထောင်ကနေ ဒီကနေ့ ပြန်လွတ်မြောက်လာပေမဲ့  ရဲတိုက်၊ ပိုပိုနဲ့ မဝင်းမင်းသန်းတို့ ကတော့ ထောင်ထဲမှာ ကျန်နေခဲ့တယ်လို့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။ 

သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ် ပိုင်တံခွန်တို့ကို စစ်ကောင်စီက မတ်လ ၂ ရက်ဒီကနေ့မှာ  ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ရုတ်တရက် ကြေညာခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်ရဲတိုက်၊ အဆိုတော်ပိုပိုနဲ့ ဆယ်လီမဝင်းမင်းသန်းတို့ကတော့ ပုဒ်မ ၅၀၅(က) အပြင် တခြားအမှုတွေကျန်နေသေးတဲ့အတွက် စစ်ကောင်စီက ပြန်မလွှတ်ပေးသေးပါဘူး။

ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က "အားလုံးအိမ်ပြန်ရောက်ကြပါပြီ။ ပိုင်တံခွန်၊ ကိုလူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ဝိုင်း။ ဝိုင်းကတော့ ကြားနာဆဲကို အမှုရုပ်သိမ်းပေးလိုက်တာ။ ကျန်တာတွေကတော့ လွတ်ငြိမ်းခွင့်နဲ့လွှတ်ပေးလိုက်တာ။ ကိုရဲတိုက်က ကျန်ခဲ့တယ်။ သူက ၅၀၅(က) က လွတ်ငြိမ်းခွင့်ရတယ်။ နောက်ထပ်မူးယစ်မှုတစ်ခုက စစ်ဆေးဆဲဆိုတော့ အဲ့ဒါကျန်တယ်။ နောက် မဝင်းမင်းသန်းက ၅၀၅(က) အတွက်က လွတ်ငြိမ်းခွင့်ရတယ်။ ဒါပေမဲ့ ၁၇(၁) က ကျန်နေခဲ့တယ်။ ပိုပိုကတော့ ၅၀၅(က) တစ်ခုတည်းရှိတာ ဘာလို့မလွှတ်သလဲ မသိဘူး။ ပိုပို ကျန်နေခဲ့တယ်။"

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ပြန်လွတ်လာပြီးနောက် လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေနဲ့ စကားပြောထားတဲ့ ရုပ်သံတခုလူမှုကွန်ရက်မှာပျံ့နှံ့နေပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း ပို့စ်တခုတင်ထားရာမှာ မိနစ်ပိုင်းအတွင်း သူ့ရဲ့ ပရိသတ်တွေက  ကွန်မန့်တွေ အများအပြား ရေးသားတုံ့ပြန်နေကြပါတယ်။ 

အကယ်ဒမီလူမင်းရဲ့ မိသားစုကတော့ “ကိုလူမင်း နေအိမ်ကို ပြန်လည်ရောက်ရှိပါပြီ။ သတင်း​မေး ဆုတောင်းမေတ္တာပို့ပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ တစ်​ယောက်ချင်းစီကို အ​ကြောင်းမပြန်နိုင်ခဲ့ရင် နားလည်ခွင့်လွတ်​ပေးပါ” လို့ လူမှုကွန်ရက်မှာ သတင်းစကားပါးထား ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မတရားမှုကိုလက်မခံဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာကြောင့်  သရုပ်ဆောင် ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒာကျော်ဇင်တို့ အပါအဝင် ပြည်သူလူထုဘက်ကရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေ အတော်များများကို  ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)  ထောင်ဒဏ်တွေ သီးသီးချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ရှေ့နေဦးခင်မောင်မြင့် “ဘယ်လိုပဲဖြစ်ဖြစ် ထိန်းသိမ်းချုပ်နှောင်ခံနေရတဲ့သူတွေ လွတ်တယ်ဆိုတာ ကောင်းတာပေါ့။ ဘယ်သူကပဲလွှတ်လွှတ်၊ ဘယ်အကြောင်းနဲ့ပဲလွှတ်လွှတ်ပေါ့။ ဒါက ကောင်းတဲ့အလုပ်ပေါ့။ ကောင်းတယ်လို့ပဲ မြင်ပါတယ်။"

စစ်တပ်အာဏာစသိမ်းကတည်းက ဘာအပြစ်မှမရှိဘဲ  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊  အဆိုတော် စောဖိုးခွား၊ စာရေးဆရာမ သန်းမြင့်အောင်၊  စာရေးဆရာ ထင်လင်းဦးနဲ့ စာရေးဆရာ မောင်သာချို စသူတွေလည်း လွတ်မြောက်ခြင်းမရှိသေးပါဘူး။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရဲ့တဲ့ ပြည်သူ သောင်းချီရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013