DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ် ကျေးရွာနှစ်ခုက နေအိမ်များကို‌ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
March 2, 2022
ဂန့်ဂေါမြို့နယ် ကျေးရွာနှစ်ခုက နေအိမ်များကို‌ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာနဲ့ ကုန်းရွာကို‌ မတ် ၁ ရက်နေ့ နေ့ခင်းပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်သားကျေးရွာက နေအိမ် ၈ လုံး၊ ကုန်းရွာက ၉ လုံး မီးရှို့ဖျက်ဆီးခံရပြီး ရွာက ကျောင်းထိုင်ဘုန်းကြီးပါမကျန် ဘေးလွတ်ရာ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မြင်သားရွာနေသူတဦးက “ကျမတို့ကတော့ အခု တောတောင်ထဲမှာ ထွက်ပြေးနေရတယ်။ စစ်သားတွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေ မီးရှို့တာ၊ ဒေသခံတွေကို သတ်ဖြ‌တ်နေတာကြောင့် ကျမတို့လည်း ကြောက်လို့ပြေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ  ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ဂန့်ဂေါနယ်ထဲက ရွာတွေကို ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စန်းမြို့ရွာလုံးကျွတ်နီးပါးကို မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ ကျေးရွာတွေကို ပြန်လို့မရတာကြောင့် တောတောင်ထဲ ထွက်ပြေးနေရပြီး နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရွှေဘိုရွာက အိမ် ၇ လုံးနဲ့ ရေသာရွာက အိမ် ၅ လုံးကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါနယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့  ယော PDF တပ်တို့ ရွှေဘိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတာကြောင့် ယော PDF တပ်က ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ‌ကျေးရွာတွင်း ပိတ်မိနေတဲ့ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ယော PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ စစ်ရေးများတင်းမာနေပြီး အချိန်နေရာမရွေး တိုက်ပွဲဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာမလုပ်ကြဖို့ ယောပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013