DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်သတ်မှုကြောင့် ယင်းမာပင်ဒေသခံ ၉ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၅၉၀ နီးပါး ရှိလာ
DVB
·
March 2, 2022
စစ်တပ်ပစ်သတ်မှုကြောင့် ယင်းမာပင်ဒေသခံ ၉ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၅၉၀ နီးပါး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၈၉ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၄၅၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်အထိ အေ အေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ ထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၄၃၇ ယောက် လက်ရှိချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၇၇၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ညသန်းခေါင်ယံအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ နေထိုင်တဲ့ ကိုသိန်းထိုက်ဦးဟာ အိမ်ရှေ့ပြင်ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်နဲ့ ဖြတ်သွားချိန် ဂိတ်မှာရှိတဲ့ စစ်အုပ်စုတပ်သားတွေက ပစ် ခတ်ခဲ့တာကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုသိန်းထိုက်ဦးဟာ စိတ်ကျန်းမာ ရေးကောင်းမွန်ခြင်းမရှိကြောင်း သိရှိရပြီး သူ့ရဲ့ ရုပ်အလောင်းကို မိသားစုဆီ ပြန်လည်ပို့ ဆောင်ခြင်းမရှိဘဲ စစ်တပ်က မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာကို အကြမ်းဖက် စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က စတင်ကာ သုံးရက်ကြာ ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ဒေသခံ ၉ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ သတ်ဖြတ်ခြင်းခံခဲ့ ရသူ ၉ ယောက်ထဲက တယောက်ကတော့ ချင်းပုန်းကျေးရွာမှ ဦးအောင်မောင်း၊ ၂ ယောက်ကတော့ ပန်းပထုံးကျေးရွာမှ ကိုထွန်းထွန်းနဲ့ ကိုမျိုးညွန့်တို့ဖြစ်ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013