DVB Logo
Home
မြန်မာသတင်း
CDM ဆေးဝန်ထမ်းများကို သတ်ဖြတ်နှိမ်နင်းနေသည့် စစ်ကောင်စီက သူနာပြု ၆၈၄ ဦးကို အလုပ် ခန့်
DVB
·
March 2, 2022
CDM ဆေးဝန်ထမ်းများကို သတ်ဖြတ်နှိမ်နင်းနေသည့် စစ်ကောင်စီက သူနာပြု ၆၈၄ ဦးကို အလုပ် ခန့်
1 / 2
Donate to DVB

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်နေတဲ့ ဆေးပညာရှင်တွေ၊ ဝန်ထမ်းတွေကို သတ်ဖြတ်နှိမ်နင်းနေတဲ့ စစ်ကောင်စီက သစ်လွင်သူနာပြု ၆၈၄ ယောက်ကို အလုပ်ခန့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ဖေဖော်ဝါရီလထဲမှာ ခန့်အပ်လိုက်တဲ့ ဦးရေစာရင်းနဲ့ ဖော်ပြထားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးက ၉၂ ယောက်၊ ရခိုင်ပြည်နယ်က ၈၄ ယောက်၊ ပဲခူး တိုင်းဒေသကြီးက ၇၉ ယောက်စီနဲ့ အများဆုံးဖြစ်နေခဲ့တာပါ။

ဒါ့အပြင် မကြာခင် သင်တန်းပြီးဆုံးမယ့် သားဖွားဆရာမ ၁၆၅ ယောက်ကိုလည်း အမြန်ဆုံး အလုပ်ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ သူနာပြုသားဖွားသင်တန်း၊ ပေါင်းကူးသင်တန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး အာ ဏာသိမ်းစစ်တပ်ဟာ  ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး ဆရာဝန်တွေ ရာနဲ့ချီ အဖမ်းခံထားရပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လူထုရဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေဟာ ကျန်းမာရေးဌာနတွေကို ဝင် ရောက်စီး နင်းပြီး လူနာတင်ယာဉ်တွေကို မီးရှို့ဖျက်ဆီးပြီးတော့ ဆေးကုသပေးသူတွေကို ဖမ်းဆီးတာမျိုးတွေ ရှိခဲ့သလို CDM ဆရာဝန်တွေကို ပစ်သတ်နှိမ်နင်းမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုမှာတော့ ပြည်သူတွေအပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့ခဲ့လို့ အသေအပျောက် များခဲ့ကာ ကူးစက်မှုနှုန်းကိုလည်း မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

မတရားအာဏာသိမ်းယူထားခဲ့တဲ့ တနှစ်ကျော် ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှု တွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ် တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013