DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူစုစုပေါင်း ၁၅၈၅ ဦး ရှိလာ
DVB
·
March 1, 2022
စစ်တပ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူစုစုပေါင်း ၁၅၈၅ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၈၅ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၄၁၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၃၉၉ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၇၇၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းက နှမစားရစ်ကျေးရွာကို အကြမ်းဖက်စစ် အုပ်စုတပ်က ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ခဲ့ရာ ထွက်မပြေးနိုင်တဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်ခင်သန်းဟာ အိမ်သာအတွင်း ဝင်ပုန်းနေစဉ် ပိတ်မိကာ မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ထွက်ပြေးခဲ့တဲ့ ဒေသ ခံရွာသားတွေကိုလည်း ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၃၃ နှစ်အရွယ် မယဉ်စမ်းအေးနဲ့ ၅၅ နှစ်အရွယ် ဦးသိန်းတို့ဟာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိ ရှိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၄ ရက်ည ၉ နာရီခွဲလောက်ကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကပီခီးကျေးရွာထဲကို BGF ၁၀၁၃ တပ်ရင်းမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေ သခံရွာသား တယောက်ဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် စောခူ့နေလားမှာ နောက်ကျောကို ထိမှန်ကာ ကျဆုံးသွားခဲ့ပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံးလည်း ပျက်စီးသွား ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013