DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းပြီး ပြည်သူလူထုထံမှ အဓမ္မ ငွေတောင်းနေ
DVB
·
February 26, 2022
ရေဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းပြီး  ပြည်သူလူထုထံမှ အဓမ္မ ငွေတောင်းနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ  စစ်ကောင်စီတပ်နဲ့  ဌာနဆိုင်ရာဝန်ထမ်းတွေ  ပူးပေါင်းပြီး ပြည်သူလူတွေထံကနေ အဓမ္မငွေကြေးတောင်းခံ နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အထူးသဖြင့်  နိုင်ငံသားစိစစ်ရေးကတ်လုပ်ရာမှာ၊ ဆိုင်ကယ်တွေဖမ်းဆီးရာမှာနဲ့ ထောက်ခံစာတွေ လုပ်တဲ့နေရာတွေမှာ ပြည်သူလူထုထံက ငွေကြေးအတင်းအကျပ်တောင်းနေတာဖြစ်ပါတယ်။

ရေဦးဒေသခံပြည်သူတစ်ဦးက “ ကျနော်တို့မြို့နယ်မှ အဆိုးဆုံးလို့တောင်ပြောလို့ရမယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားစိစစ်ရေးကပ်ပြားလုပ်ဆောင်ရာမှာ လဝကဌာနက အသစ်လုပ်လိုပဲဖြစ်ဖြစ်၊ အသစ်လဲလှယ်လို့ပဲဖြစ်ဖြစ် နှစ်သောင်းခွဲတောင်းတယ်။ အရင်ပြည်သူ့အစိုးရလက်ထက်က ဘာမှမပေးခဲ့ရဘူး။ ဒီစစ်ကောင်စီအာဏာသိမ်းချိန်မှ အခုလိုတောင်းနေကြတယ်။ သူတို့ရှေ့ကဖြတ်စီးတဲ့ ဆိုင်ကယ်မှန်ရင် အပြစ်မရှိ အပြစ်ရှာတယ်။ လိုင်စင်ပါလဲဖမ်းတယ်။ ဖမ်းပြီး ဘာမပါလို့  ညာမပါလိုပြောပြီး အနည်းဆုံး  သုံးသောင်းလောက်တောင်းတယ်။ ထောက်ခံစာလုပ်လဲ ကျနော်တို့ ရွာတွေက ဥက္ကဋ္ဌမရှိ၊ စာရေးမရှိလို့ မြိုနယ် ထွေအုပ်ရုံးသွားထောက်ခံစာတောင်းရင်လဲ ထွေအုပ်ရုံးက ငွေတောင်းတယ်။ ဘယ်ရုံးသွားသွား ငွေတောင်းနေကြတယ်။ ဘာလို့တောင်းတာလဲဆိုတော့ အခုလိုခေတ်ပျက်တဲ့အချိန်မှာ ပြည်သူအပေါ် အနိုင်ကျင့်နေကြတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကျေးရွာတွေမှာ အုပ်ချုပ်ရေး ယန္တရားလွှမ်းမိုးမှုမရှိတော့ဘဲ မြို့ပြရော ကျေးရွာတွေပါ စစ်ကောင်စီက အုပ်ချုပ်ရေး တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။

အထူးသဖြင့် စစ်ကိုင်းတိုင်းထဲက  ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ ဖြစ်တဲ့တိုက်ပွဲတိုင်းလိုလိုမှာ စစ်ကောင်စီဘက်က အကျဆုံးများနေတာကြောင့် စစ်ကောင်စီတပ်က လေကြောင်းတွေပါသုံးပြီး  တိုက်ခိုက်နေရတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ကိုင်းတိုင်းအတွင်းက ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ ဒီပဲယင်းစတဲ့ မြိုနယ်တွေကဒေသခံတွေ နေထိုင်စရာ အိမ်မရှိတော့ဘဲ အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013