DVB Logo
Home
မြန်မာသတင်း
ယင်းမာပင် PDF သင်တန်းဆင်းပွဲကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်
DVB
·
February 26, 2022
ယင်းမာပင် PDF သင်တန်းဆင်းပွဲကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာအနီး  ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်  မနက် ၁၀ နာရီ ဝန်းကျင်က ချင်းပုန်းကျေးရွာအနီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတွေသင်တန်းဆင်းပွဲ ပြုလုပ်နေတာဖြစ်ပါတယ်။

အဲဒီအချိန်မှာ စစ်ကောင်စီဘက်က MI35p အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၄ စီး နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ 

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ရှင်းပုန်းကျေးရွာမှာတပ်စွဲ ထားပြီး နေအိမ်တွေကို ပစ်ခတ် မီးရှို့နေတာကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြရသလို ကျေးရွာအတွင်း  ပိတ်မိနေတဲ့ လူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013