DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် မူလတန်းဆရာမအပါအဝင် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
February 26, 2022
ပုသိမ်မြို့တွင် မူလတန်းဆရာမအပါအဝင် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်က  Non – CDM  ဆရာမတဦးအပါဝင် အမျိုးသမီး  ၃ ယောက်ကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မူလတန်းပြ ကျောင်းဆရာမ ဒေါ်ဆုဝတ်ရည်နှင်းကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာဖြစ် ပါတယ်။

ဒေသခံတဦးက “စစ်တပ်ထောက်ခံတဲ့ ဂရုတွေမှာ သူကို ဖမ်းဖို့ ပုံတွေတင်တာ လိပ်စာပါပါတယ်။ စစ်တပ်မကောင်းကြောင်း ရေးထားတဲ့ ပုံတွေကိုပါ တင်တာ သူက ပုသိမ်မှာ ပထမဆုံးအဖမ်းခံတာပဲ စစ်တပ်မကောင်းကြောင်းရေးတင်လို့ အဖမ်းခံရတာ”လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေ နေအိမ်မှာလာရောက်ဖမ်းဆီးတာခံခဲ့ရတဲ့ ဆရာမ ဆုဝတ်ရည်နှင်းဟာ အာဏာသိမ်းပြီးနောက်  CDM ပါဝင်ခဲ့ပြီး လပိုင်းအကြာမှာ Non-CDM  ပြန်လုပ်ခဲ့သူတဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့ပြင် တနေ့ထဲမှာပဲ ပုသိမ်မြို့ပေါ်က အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ယောက်ကိုလည်း အလားတူဖြစ်စဉ်မျိုး အကြောင်းပြကာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ  စစ်အုပ်စုနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့   ပို့စ်တင်တဲ့ နိုင်ငံအနှံ့က ပြည်သူတွေကို စစ်ကောင်စီက နေ့စဉ်  အဓမ္မ ဖမ်းဆီးပြီး အကြမ်းဖမ်းမှုအပါအဝင် စွဲချက်တွေနဲ့အရေးယူနေတာ   အခုလအတွင်း အနည်းဆုံး အယောက် ၂၀၀ ကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013