Home
မြန်မာသတင်း
ဖလမ်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၀ ဦးသေဆုံး
DVB
·
February 25, 2022

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွာတယ်လို့ CNO/CNDF ကနေ သိရပါတယ်။

ဖလမ်းမြို့နယ်ထဲကို မနေ့က ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၃၀ ကို ထင်းရှူးစခန်းကျေးရွာနားမှာ CNDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ့အတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် CNDF က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ခလရ ၂၆၈ က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်မှာ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ၊ ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်သလို နေအိမ်တွေက ပစ္စည်းတွေနဲ့ ငွေကြေးတွေ ခိုးယူတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024