DVB Logo
Home
မြန်မာသတင်း
ပူတာအိုမြို့နယ် အင်စီယာန်ကျေးရွာက ကျောင်းအုပ်ဆရာကြီး ပျောက်ဆုံးနေ
DVB
·
February 24, 2022
ပူတာအိုမြို့နယ် အင်စီယာန်ကျေးရွာက ကျောင်းအုပ်ဆရာကြီး ပျောက်ဆုံးနေ
Donate to DVB

ကချင်ပြည်နယ် ပူတာအိုမြို့ အင်စီယာန်ကျေးရွာမှာ တာ၀န်ကျနေတဲ့ မူလတန်းကျောင်းအုပ် ဦးတင့်လွင်အေးစာ ဖေဖော်ရီ ၁၅ ရက်ကနေစပြီး ပျောက်ဆုံးသွားတာ ဒီနေ့အထိ မတွေ့သေးဘူးလို့ သူငယ်ချင်းဖြစ်သူက DVB ကို ပြောပါတယ်။

"အင်စီယာန်ရှိစစ်ဘေးရှောင်ကလေးတွေကို World Food Program  (WFP) က ကျောင်းတွေကို ၀ေပေးတဲ့ မုန့်တွေ၀ေဖို့သွားရင်း ပျောက်သွားတာ ခုထိပဲ၊ ဖုန်းလည်းလုံး၀ဆက်သွယ်လို့မရဘူး။ ကျနော်အစက မသွားဖို့ တားပါသေးတယ်။ ဒါပေမဲ့ သူက သူ့ကလေးတွေ စစ်ဘေးရှောင်ရင်း စးစရာပြတ်မှာစိုးလိုတဲ့ တားလို့မရခဲ့ဘူးဗျာ။ ကျနော် အရမ်းစိုးရိမ်နေပါတယ်။ သူ့မိသား စုတွေလည်း အရမ်းစိတ်ပူနေကြပါတယ်” လို့ ပြောပါတယ်။

မှုလတန်းပြ ကျောင်းအုပ် ဦးတင့်လွင်အေးဟာ မုံရွှာဇာတိဖြစ်ပြီး ကချင်ပြည်နယ် ၊မိုးကောင်းမြို့နယ်၊ ပြွန်သုံးလုံးကျေးရွာမှာနေထိုင်ပြီး သားနှစ်ယောက် ဖခင်ဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုမြို့နယ် အင်စီယာန်ကျေးရွာဟာ ရှိန်ဂတ်တာင်တိုက်ပွဲ ဖြစ်ပွားတဲ့အနီး ကျေးရွာဖြစ်တာ ကြောင့် ဖေဖော်ရီ ၁၉ ရက်ကစပြီး စစ်ကောင်စီနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေ ၆ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲတာတွေ ရှိတာကြောင့် ရှိန်ဂတ်တောင်အနီးက ဒေသခံတွေ တောထဲတိမ်းရှောင်နေရကြရပါတယ်။

ပူတာအိုမြို့နယ် ပူတာအိုမြို့-မြစ်ကြီးနား ကားသွားရာလမ်းမကြီးတလျှောက်မှာ ဖေဖော်ရီ ၃ ရက်ကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၇၀၀၀ ကျော် စစ်ဘေးရှောင်းနေကြရပါတယ်။

ပူတာအိုမြို့မှာ ဖေဖော်ရီ ၂၂ ရက်က ပူတာအိုမှ-မြစ်ကြီးနားကိုသွားတဲ့ ခရီးသည်တွေ၊ ကားသမားတွေလည်း ခဂရန်းယန်ကျေးရွာအနီး လမ်းပိတ်ထားသောကြောင့် ပိတ်မိနေကြတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

"ဖုန်းလိုင်းက ခဂရန်းယန်ဘက်က ရတချက်မရတချက်ပဲ။ အဆက်သွယ်တော့ရပါတယ်။ အားလုံးဘေးကင်နေကြပါတယ်။ ပါလာတဲ့ဟာတွေ ချက်စားပြီးနေနေကြတယ်။ ပူတာအိုနဲ့ မြစ်ကြီးနား ဘယ်ဘက်ကို အရင်လမ်းဖွင့်မလဲတော့ မသိဘူး၊ အဲတာမျှော်နေကြပါတယ်။” 

ပူတာအိုမြို့မှ မြစ်ကြီးနား ကားလမ်းမကြီးကို ဖေဖော်ရီ ၂၂ ရက်မှ လကုန်ထိ KIA နဲ့ PDF တွေက ခရီးသွားလာခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013