DVB Logo
Home
မြန်မာသတင်း
အရာတော် စစ်ကောင်စီတပ်စခန်းကို PDF က အဝေးပစ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
DVB
·
February 24, 2022
အရာတော် စစ်ကောင်စီတပ်စခန်းကို PDF က အဝေးပစ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲလောက် အဝေးပစ်ရှော့တိုက်ဒုံးနဲ့‌ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သပြေညိုပြောက်ကြားအဖွဲ့ဆီက သိရပါတယ်။

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်စခန်းဟာ အရာတော်မြို့နယ်အခြေစိုက် အမတ - ၃၉၆ အမြှောက်တပ်စခန်းလို့လည်း သိရပါတယ်။

သပြေညိုပြောက်ကြားတပ်ဖွဲတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ၇၀ မမတစ်လုံးရယ်၊ ရှော့ဒုံးတစ်လုံးရယ် စုစုပေါင်း ၂ လုံးပစ်ခတ်ခဲ့တယ်။ စစ်ကောင်စီက အသေအပျောက်ကတော့ ကျနော်တို့ စုံစမ်းနေဆဲပဲဗျ။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိခဲ့ဘူး။ အခုလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂ ငါးလုံး အရေးတော်ပုံတစ်နှစ်ပြည့်တဲ့နေ့မှာ သူတို့ရဲ့တပ်အတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့မနေရဘူးဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာ” လို့ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊  Ayadaw   Bone Naing-PDF(A.B.N.PDF)၊ ပတ္တမြားညီနောင် ပြောက်ကြားတပ်ဖွဲ့ ၊ People’s GuerrillasCommando-Myinmu(PGC)၊ Myin Mu Lightning Guerrilla Forceတို့ကဦးဆောင်ခဲပြီးKnights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့၊ M.R.T.Fတပ်ဖွဲ့နဲ့ The Guys Of Burma Revolution Force(GBRF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013