Home
သတင်းဓာတ်ပုံ
သည်ဟိဂ်မြို့ ICJ တရားရုံးရှေ့ ပြည်ပရောက်မြန်မာများဆန္ဒပြ (ဓာတ်ပုံ)
DVB
·
February 23, 2022
274738736_10159963047611108_6664823600037447701_n
274719368_10159959995873415_2384308912351948909_n
274698298_10159963047706108_8218774026495632772_n
274690260_10159959995883415_4223901626769103555_n
274685060_10159963047801108_6379703815137990655_n
274524255_10159963047766108_8089398071677296880_n
274478749_10159959996023415_6757283053055427665_n
274473085_10159959996428415_2182098840486424467_n
274461515_10159959996373415_7977250970414183259_n
274461200_10159959995878415_5286843586071954105_n
274305212_10159959996588415_1781247979358531946_n
273429529_10159959996453415_1379839885498026563_n

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၂၃ ရက်က ဒုတိယနေ့အဖြစ် ကြားနာပွဲကျင်းပနေတဲ့   နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှာ   ပြည်ပရောက်မြန်မာ အယောက် ၅၀ ဝန်းကျင်လာရောက်  ဆန္ဒပြခဲ့ကြပါတယ်။ 

ရိုဟင်ဂျာအရေး ထောက်ခံ ဆန္ဒပြတဲ့သူတွေကလည်း  မြန်မာပြည် စစ်အာဏာရှင်အောက်က လွတ်မြောက်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ အိုင်စီဂျေ ရုံးရှေ့ကို  NUG လူ့အခွင့်ရေးဝန်ကြီး  ဦးအောင်မျိုးမင်းလည်း ရောက်ရှိလာခဲ့ပါတယ်။

ဒီနေ့ ICJ တရားရုံးအတွင်းမှာတော့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် တရားရေးဝန်ကြီး  ဒေါဒါဂျဲလိုးက ဦးဆောင်ပြီး နိုင်ငံတကာရှေ့နေတွေက လျှောက်လဲချက် ပေးခဲ့ကြတာဖြစ်ပြီး မြန်မာ စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့လည်း လာရောက်ကြားနာခဲ့ကြပါတယ်။

ဒီနေ့ဂမ်ဘီယာဘက်ကလျှောက်လဲရာမှာတော့ ပြီးခဲ့ဖေဖော်ဝါရီ ၂၁ ရက်နေ့ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်လွှာဆိုင်ရာလျှောက်လဲချက်တွေကို ပယ်ချဖို့နဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့  ဆက်လက်တရားစီရင် အဆုံးအဖြတ်ပေးဖို့ တရားရုံးမှာ တိုက်တွန်း လျှောက်လဲသွားပါတယ်။

ဂမ်ဘီယာနိုင်ငံ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခွင့်ရှိတယ်ဆိုတာနဲ့ အိုင်စီဂျေတရားရုံးက ဒီအမှုကို စီရင်ပိုင်ခွင့်ရှိတယ်ဆိုတာလည်း လျှောက်လဲ ချက်ပေးပါတယ်။ 

တရားရုံးအပြင်ဘက်မှာတော့ မြန်မာနိုင်ငံဘက်က လျှောက်လဲချက်စပေးတဲ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့က ထက်စာရင် လုံခြုံရေး ပိုချထားပြီး  ရဲကား ၃ စီး ရောက်ရှိနေပါတယ်။

သည်ဟိတ်မြို့ရဲ့ ရာသီဥတုကလည်း မြန်မာနိုင်ငံဘက်က လျောက်လဲချက်ပေးတဲ့နေ့ တုန်းကလို ဆိုးဝါးခြင်းမရှိဘဲ  ဒီကနေ့မှာ သာသာယာယာ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024