DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ထက်မနည်းသေဆုံး၊ PDF ၉ ဦးကျဆုံး
DVB
·
February 23, 2022
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား  ၅၀ ထက်မနည်းသေဆုံး၊ PDF  ၉ ဦးကျဆုံး
Donate to DVB

ဖေဖော်ဝါရီ ၁၆ ရက်က စတင်ခဲ့တဲ့ မိုးဗြဲမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၉ ယောက် ကျဆုံးခဲ့ကာ ၁၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့   မိုးဗြဲ PDF ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် သံချပ်ကာအမြာက်ကား ၁ စီးနဲ့ ရိက္ခာတင်ကား ၁ စီး ပျက်စီးခဲ့ပြီး လက်နက် ခဲယမ်းတချို့ကိုလည်း မိုးဗြဲ PDF ဘက်က သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားခဲ့ရတဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေရဲ့ ဈာပနပွဲကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြုလုပ်ပေးခဲ့ပါတယ်။ 

ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ ရန်သူ့သံချပ်ကာ အမြောက်ကားကို ပိတ်ဆို့ဖျက်ဆီးဖို့ ကြိုးစားရင်း ရွတ်ရွတ်ချွံချံ့တိုက်ပွဲဝင် အသက်ပေးသွားခဲ့တာမို့ မြန်မာ့ဒီမိုကရေစီ သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြု မော်ကွန်းထိုးအပ်ကြောင်းလည်း ကြေညာထားပါတယ်။

ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ခန္ဓာပျောက်ကွယ်သွားပေမယ့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပြည်သူတွေရဲ့ နှလုံးသားမှာ ထာဝရ တည်တံ့နေမှာဖြစ်ပြီး ရဲဘော်တွေ အားလုံးကို လေးလေးနက်နက် အလေးပြုကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013