DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် ရှားတောကျေးရွာ စစ်ဘေးရှောင်စခန်းတွင် အကူအညီလိုအပ်နေ
DVB
·
February 23, 2022
ကလေးမြို့နယ် ရှားတောကျေးရွာ စစ်ဘေးရှောင်စခန်းတွင် အကူအညီလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားတောကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြသူတွေဟာ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာသားတွေဖြစ်ပြီး အဆိုပါကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတွေက စစ်ကြောင်းထိုးနေသလို ကျေးရွာသားတချို့ကို သတ်ဖြတ်ခဲ့ပါတယ်။

လက်ရှိ ရေရှင်ကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။

ဒါကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေပါ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

အဆိုပါစစ်ဘေးရှောင်စခန်းမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ နို့တိုက်မိခင်နဲ့ မသန်စွမ်းသူတွေအပါအဝင် လူဦးရေ ၁၀၀ ကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013