
ကဗျာဆရာငြိမ်းဝေရေးသားတဲ့ "ဒုံသမိချောင်းပေါ်က ကြယ်နီ" စာအုပ်မိတ်ဆက်ပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ လွတ်လပ်ရေး အနုပညာရပ်ဝန်း ဂယ်လာရီမှာ နိုဝင်ဘာ ၇ ရက် ညနေက ကျင်းပသွားပါတယ်။
DVB ဝိုင်းတော်သားဟောင်း ကဗျာဆရာငြိမ်းဝေရဲ့ လွန်ခဲ့သော နှစ် ၃၀ က DVB သတင်းထောက်ဘဝ ကရင်ပြည်နယ် သတင်းသမား အတွေ့အကြုံတွေကို ရေးသားထားတာ ဖြစ်ပါတယ်။
စာအုပ်မိတ်ဆက်ဖြန့်ချိပွဲကို ကဗျာဆရာ ငြိမ်းဝေနဲ့အတူ နယ်စပ်အခြေစိုက် ကဗျာဆရာ မောင်လွမ်းဏီ၊ နှင်းခါးမိုးနဲ့ ကဗျာဆရာမ ဂျက်စမင်းနန္ဒာ တို့လည်း မိတ်ဆက်စကားတွေပြောကြားခဲ့ပြီး စာပေ ရဲဘော်မိတ်ဆွေတွေ၊ စာပေချစ်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ဒုံသမိချောင်းပေါ်က ကြယ်နီ" စာအုပ်ကို The Hobby Book Store စာအုပ်တိုက်က ထုတ်ဝေလိုက်တာဖြစ်ပြီး တအုပ်ကို ဘတ် ၂၀၀ နှုန်း သတ်မှတ်ထားပါတယ်။
မိုးဝေခေတ်ကတည်းက ထင်ရှားခဲ့တဲ့ ကဗျာဆရာတယောက်ဖြစ်တဲ့ ဆရာငြိမ်းဝေ (ကဗျာ့အိုးဝေ)ဟာ DVB ရဲ့ ဝါရင့်သတင်းထောက်ဟောင်းတယောက်လည်းဖြစ်ပြီး လက်ရှိမှာလည်း DVB မှာ ရသစာပေ ဆောင်းပါးတွေ ဆက်လက်ရေးသားနေသူ ဖြစ်ပါတယ်။











