DVB Logo
Home
မြန်မာသတင်း
ANP ဗဟိုပါတီဝင်ဟောင်း ကိုခိုင်ကျော်မိုးကို ULA က ထိန်းသိမ်းထား
DVB
·
February 23, 2022
ANP ဗဟိုပါတီဝင်ဟောင်း ကိုခိုင်ကျော်မိုးကို ULA က ထိန်းသိမ်းထား
Donate to DVB

ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုပါတီဝင်ဟောင်း ကိုခိုင်ကျော်မိုးကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA)  က ထိန်းသိမ်းထားတယ်လို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီက စီစဥ်ကျင်းပခဲ့တဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ANP အတွင်းရေးမှူး  ဦးဦးလှစောကို ဆဲဆိုခဲ့တဲ့ပို့စ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကိုခိုင်ကျော်မိုးက သူ့ရဲ့လူမူကွန်ရက်စာမျက်နှာပေါ်ကနေတင်ပြီး  ဦးဦးလှစောကို tag တွဲခဲ့တာပါ။ ဒီဖြစ်စဥ်အပြီး အဆိုပါနေ့မှာပဲ ကိုခိုင်ကျော်မိုးကို စစ်တွေမြို့ပေါ်မှာရှိတဲ့ ULA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူနဲ့နီးစပ်သူက ပြောပါတယ်။

လူမှုကွန်ရက်မှာ ဆဲဆိုခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာဘဲ ကိုခိုင်ကျော်မိုးက  ဦးဦးလှစောကို အရက်မူးပြီး ဆဲဆိုမိခဲ့တာဖြစ်ကြောင်း လူမှုကွန်ရက်ကနေ ပြန်လည်ပြီး တောင်းပန်ခဲ့ပါတယ်။

အခုလို ထိန်းသိမ်းခံရတာနဲ့ပတ်သက်လို့ ကိုခိုင်ကျော်မိုးရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားနိုင်ကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ 

မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောဟာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒဖော်ဆောင်ရေးကော်မတီဝင်တစ်ဦးလည်းဖြစ်ပြီး နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဗိုလ်ရှုခံပွဲနဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပါတီရဲ့ဆုံးဖြတ်ချက်မပါဘဲ တက်ရောက်ခဲ့တယ်လို့လည်း နီးစပ်သူတွေကတဆင့် သိရပါတယ်။

ကိုခိုင်ကျော်မိုးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ANP ပါတီဟာ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုပြီး ANP ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ထားဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013