DVB Logo
Home
မြန်မာသတင်း
အဝေးပစ်လက်နက်ကြီး ထုတ်လုပ်အောင်မြင်ဟု ယောဒေသ PDF ပြော
DVB
·
February 23, 2022
အဝေးပစ်လက်နက်ကြီး ထုတ်လုပ်အောင်မြင်ဟု ယောဒေသ PDF ပြော
Donate to DVB

အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်နိုင်ဖို့အတွက် လက်နက်တွေကို စမ်းသပ်ထုတ်လုပ်နေရာမှာ အဝေးပစ်လက်နက်ကြီးတချို့ ထုတ်လုပ်အောင်မြင်နေပြီလို့ ယောဒေသ ဒရုန်းနဲ့ လက်နက်နည်းပညာအဖွဲ့က ပြောပါတယ်။ 

“အခုဟာကို ပလုံဂျိမ်းလက်နက်လို့ နာမည်ပေးထားတယ်။ ၁ ဒသမ ၈ ကီလိုမီတာ (၁ မိုင်ကျော်) ပြေးတယ်။ မီတာ ၁၅၀ ပတ်လည်ကို ထိရောက်တယ်။ အခုက ဒါထက်ကြီးတာကိုလည်း ထုတ်နေတာ။ တလုံးကို ၅ သိန်းလောက်ကုန်တော့ အများကြီး မထုတ်နိုင်သေးဘူး။ လက်ရှိမှာတော့ တိုက်ပွဲတွေမှာ သုံးနေပြီ” လို့ လက်နက်တာဝန်ခံက ပြောပါတယ်။

အဆင့်မြှင့်ပြီး ထုတ်လုပ်မယ့် လက်နက်ကြီးက ပစ်ခတ်တဲ့ ဒီဂရီပေါ်မူတည်ပြီး ၂ မိုင်ခွဲကနေ ၃ မိုင်အထိ ပြေးနိုင်သလို မီတာ ၃၀၀ ပတ်လည်ကို ပေါက်ကွဲထိရောက်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါတွေဟာ နောက်ဆုံး စမ်းသပ်ထုတ်လုပ်သုံးစွဲနေတာတွေ ဖြစ်ပြီး ဒီအရင်ကလည်း အဝေးပစ်လက်နက်ကြီးတွေ ထုတ်လုပ်သုံးစွဲနေတာ ဖြစ်ပါတယ်။

ယောဒေသက ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဒေသတွင်းတိုက်ပွဲတွေ ရင်ဆိုင်နေရသလို ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013